News: Nestle ရဲ့ မက်ဂီ ပဲငံပြာရည်နဲ့ ခရုဆီ မိတ်ဆက်ပွဲအခမ်းအနားကို မန္တလေးမှာ ကျင်းပ

ကမ္ဘာ့နံပါတ်တစ် စားသောက်ကုန်အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Nestle ရဲ့ မက်ဂီ တံဆိပ် ပဲငံပြာရည်နဲ့ ခရုဆီတို့ကို မန္တလေးမြို့မှာ မိတ်ဆက်တဲ့အခမ်းအနားကို မင်္ဂလာမန္တလေး မှာ ကျင်းပသွားခဲ့ပါတယ်။

play

 

ကမ္ဘာ့နံပါတ်တစ် စားသောက်ကုန်အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Nestle ရဲ့ မက်ဂီ တံဆိပ် ပဲငံပြာရည်နဲ့ ခရုဆီတို့ကို မန္တလေးမြို့မှာ မိတ်ဆက်တဲ့အခမ်းအနားကို မင်္ဂလာမန္တလေး မှာ ကျင်းပသွားခဲ့ပါတယ်။

ကမ္ဘာ့ထိပ်တန်းစားသောက်ကုန်တံဆိပ်တစ်ခုဖြစ်တဲ့ မက်ဂီကို နိုဝင်ဘာလ၊ ၁၉ ရက်နေ့က ရန်ကုန်မြို့ရှိ မြန်မာပလာဇာမှာ မိတ်ဆက်ခဲ့ပြီးတဲ့နောက် နိုဝင်ဘာလ၊ ၂၆ ရက်နေ့မှာ မန္တလေးမှာထပ်မံမိတ်ဆက်ခဲ့တာပဲ ဖြစ်ပါတယ်။

မင်္ဂလာမန္တလေးမှာကျင်းပတဲ့ အဆိုပါ မိတ်ဆက်ပွဲကို Nestle Myanmar ရဲ့ Senior Marketing Manager Ms.Ivy Tan Link Cheh၊ Head of Sales Mr. Melchor T. Rebutica.Jr (Bong)၊ Senior Brand Executive Ma Theigi Aung၊ Myanmar Distribution Groupမှ တာဝန်ရှိသူများ နှင့် မော်ဒယ်လ်သန္တာလှိုင်တို့က ဖွင့်လှစ်ပေးခဲ့ပြီး နာမည်ကျော်အနုပညာရှင်တွေဖြစ်ကြတဲ့ နီနီခင်ဇော်၊ ဖြိုးပြည့်စုံ၊ ကျော်ထူး၊ ကြူကြူသင်း နဲ့ အခြားဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေ တက်ရောက်ခဲ့ကြပါတယ်။

play

 

အိမ်တွင်းချက်ပြုတ်ခြင်းဟာ မြန်မာ့လူနေမှုရဲ့ အရေးပါတဲ့ အစိတ်အပိုင်းဖြစ်တာကြောင့် ကမ္ဘာ့နံပါတ် (၁) အစားအသောက် ကုန်ပစ္စည်းအမှတ်တံဆိပ်ဖြစ်တဲ့ မက်ဂီကိုမြန်မာနိုင်ငံသို့ ယူဆောင်လာနိုင်ခြင်းဟာ အစားအစာ ကောင်းများ ထုတ်လုပ်ခြင်းဖြင့် ကောင်းမွန်သောလူနေမှုဘဝ( Good Food Good Life) ဆိုတဲ့ရည်ရွယ်ချက်ကို အကောင်အထည် ဖော်နေတဲ့ Nestle မြန်မာအတွက် အရေးပါတဲ့မှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့ခြင်းဖြစ်ကြောင်း Nestle ကဆိုပါတယ်။ မိတ်ဆက်ပွဲမှာ အချိုအငန် အရောင်တင်ဖို့အတွက် မက်ဂီပဲငံပြာရည် နဲ့ ကမာကောင်အစစ်တွေကနေ ထုတ်လုပ်ထားတဲ့ မက်ဂီခရုဆီဆိုပြီး ကုန်ပစ္စည်းနှစ်မျိုးကို မိတ်ဆက်သွားခဲ့ပါတယ်။

မက်ဂီပဲငံပြာရည်ကို သဘာဝအတိုင်းစီမံထားတဲ့ ပဲပုတ်ကနေ ကျန်းမာရေးနဲ့ညီညွတ်အောင် ထုတ်လုပ်ထားပြီး ဟင်းချက်တဲ့နေရာမှာသာမကဘဲ အသားတွေကိုအရသာ ရှိအောင်နှပ်တဲ့နေရာမှာ အသုံးပြုနိုင်မယ်လို့ ဆိုထားပါတယ်။ မက်ဂီပဲငံပြာရည်ဟာ ဟင်းတွေကို အရသာရော အရောင်အဆင်းပါ ပိုမိုကောင်းမွန်စေနိုင်ပြီး ကလေး၊လူကြီးတိုင်းရဲ့ ဦးနှောက် နဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုကို အထောက်အကူပြုစေတဲ့ သွိုင်းရွိုက်ဟော်မုန်းထုတ်လုပ်ရာမှာအရေးကြီးတဲ့ အိုင်အိုဒင်းဓါတ်နဲ့ အခြားအာဟာရဓါတ်တွေလည်း ပါဝင်တယ်လို့လည်း သိရပါတယ်။

play

 

မက်ဂီပဲငံပြာရည်ဟာ ပဲငံပြာရည် အကြည်နဲ့အနောက်ကို မျှတအောင်ပေါင်းစပ်ထားတာဖြစ်ပြီး မြန်မာတွေရဲ့ နေ့စဉ်ဟင်းလျာတွေဖြစ်တဲ့ ထမင်းကြော်၊ ဟင်းချို၊အသုပ်၊ အသားဟင်းတို့အပြင် အခြားဟင်းလျာတွေချက်ပြုတ်ရာမှာ အရသာနဲ့အရောင်အဆင်းပိုမိုကောင်းမွန် အောင် ကူညီပေးနိုင်မယ်လို့လည်း သိရပါတယ်။ မက်ဂီခရုဆီကတော့ သန့်ရှင်းလတ်ဆက်တဲ့ ကမာကောင်အစစ်ကနေထုတ်လုပ်ထားတာကြောင့် အရသာပြည့်ဝပြီး ရွှေညိုရောင်အဆင်းရှိကာ ဟင်းရွက်ကြော်တဲ့နေရာ၊ အသားနှပ်တဲ့နေရာနဲ့ နေ့စဉ်ဟင်းလျာတွေချက်ပြုတ်တဲ့နေရာမှာ ထည့်သွင်းအသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။

 အခမ်းအနားတွင် ၀ါရင့်စားဖိုမှူး Celebrity Chef ဦးဆန်နီမှ ဦးဆောင်သရုပ်ပြ ချက်ပြုတ်ခြင်း၊ မန္တလေးမြို့ မှဖိတ်ကြားထားသော မိသားစုများမှ ပါဝင်ချက်ပြုတ်ခြင်း၊ သရုပ်ဆောင် ကျော်ထူး ၊ကြူကြူသင်း နှင့် DJ Wine တို့ မှ ချက်ပြုတ်ပြသပြီး၊ တက်ရောက်လာသူ ပရိတ်သတ်များ နှင့် ဧည့်သည်တော်များမှ ချက်ပြုတ်ထားသော ဟင်းလျာများကို အတူတကွ မြည်းစမ်းခဲ့ကြပါသည်။ မက်ဂီ ပဲငံပြာရည်နဲ့ ခရုဆီတို့ကို Myanamar Distribution Group က မြန်မာတစ်နိုင်ငံလုံးကို တာဝန်ယူဖြန့်ချီမှာဖြစ်ပြီး လက်လီအရောင်းဆိုင်တွေ၊ စူပါမားကတ်တွေမှာ အလွယ်တကူဝယ်ယူရရှိနိုင်မှာဖြစ်ကာ ၂၀၀ မီလီ မက်ဂီပဲငံပြာရည် နဲ့ ၂၁၀ ဂရမ် မက်ဂီခရုဆီကို ၁၀၀၀ ကျပ်၊ ၇၀၀ မီလီမက်ဂီပဲငံပြာရည် နဲ့ ၇၆၀ဂရမ် မက်ဂီခရုဆီ တို့ကို ၂၀၀၀ ကျပ်ထက် မပိုတဲ့ဈေးနှုန်းတွေနဲ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ