AD
AD
AD
play

 

Ocean Supercenter တွေမှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ချစ်စရာကလေးငယ်တွေရဲ့ မြန်မာ့ရိုးရာအတာသင်္ကြန်အကပြိုင်ပွဲကို ဒီနှစ်မှာလည်း ကျင်းပသွားမယ်လို့ သိရပါတယ်။

အဲဒီလိုချစ်စရာကလေးငယ်တွေရဲ့ မြန်မာ့ရိုးရာအတာသင်္ကြန်အကပြိုင်ပွဲကို ရန်ကုန်၊ မုံရွာ၊ မော်လမြိုင် နဲ့ နေပြည်တော်တို့ရှိ Ocean Supercenter ကြီးတွေမှာကျင်းပသွားမှာပါ။

၂၀၁၈ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့၊ နံနက် ၁၀ နာရီ မှ ညနေ ၅ နာရီအထိအချိန်မှာ ရန်ကုန်မြို့ North Point Ocean Supercenter နဲ့ Ocean Supercenter မုံရွာတို့မှာလည်းကောင်း၊ ဧပြီလ၊ ၈ ရက်နေ့ နံနက် ၁၀ နာရီ မှ ညနေ ၅ နာရီအထိ အချိန်မှာ Ocean Supercenter ဥတ္တရသီရိ၊ နေပြည်တော်နဲ့ Ocean Supercenter မော်လမြိုင်တို့မှာလည်းကောင်း အသီးသီးကျင်းပသွားမှာပဲ ဖြစ်ပါတယ်။

Ocean Supercenter ရဲ့ချစ်စရာကလေးငယ် မြန်မာ့ရိုးရာအတာသင်္ကြန်အကပြိုင်ပွဲကို အသက် ၅ နှစ်မှ ၁၀ အထိ ကျား၊မ မရွေးကလေးငယ်တွေပါဝင်ယှဉ်ပြိုင်နိုင်ပြီး ပြိုင်ပွဲဝင်ခွင့်ဖောင်တွေကို ပြိုင်ပွဲကျင်းပမယ့် Ocean Supercenter တွေမှာသွားရောက်ဖြည့်စွက်စာရင်းပေးသွင်းရမှာပါ။

ကလေးငယ်တွေအနေနဲ့ မြန်မာ့ယဉ်ကျေးမှုဓလ့ထုံးစံတွေကို တန်ဖိုးထားလေးစားစေဖို့နဲ့ ကိုယ့်ရဲ့ပင်ကိုယ်အရည်အချင်း တွေကို ထုတ်ဖော်ပြသပြီး အတာသင်္ကြန်အချိန်အခါကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်စေဖို့ ရည်ရွယ်ပြီး ဒီပြိုင်ပွဲကို ကျင်းပရတာဖြစ်ကြောင်း Ocean Supercenter တွေရဲ့ မိခင်ကုမ္ပဏီ City Properties ကုမ္ပဏီရဲ့ သတင်းထုတ်ပြန်ချက်ထဲ မှာဖော်ပြထားပါတယ်။

ဆုငွေတွေအနေနဲ့ ပထမဆု - ဆုငွေကျပ် ၂ သိန်း နဲ့ ၁ သိန်းတန် Gift Card၊ ဒုတိယဆု - ဆုငွေကျပ် ၁ သိန်း နဲ့ ၁ သိန်းတန် Gift Card ၊ တတိယဆု - ဆုငွေ ကျပ် ၅ သောင်း နဲ့ ၅ သောင်းတန် Gift Card ၊ နှစ်သိမ့်ဆု ကျပ် ၅ သောင်း ဆု ၅ ဆုတို့ကို ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။

ပြိုင်ပွဲဝင်ဦးရေကို ကန့်သတ်ထားတာကြောင့် ပါဝင်ယှဉ်ပြိုင်လိုတယ်ဆိုရင် Ocean Supercenter တွေရဲ့ Customer Service ကောင်တာတွေမှာ အမြန်ဆုံးစာရင်းသွားရောက်ပေးသွင်းဖို့ လိုအပ်မှာဖြစ်ပြီး အသေးစိတ်အချက်အလက်တွေကို သိရှိလိုတယ်ဆိုရင်တော့ ဖုန်းနံပါတ် - ၀၁ ၈၅၆၅၄၉၉ ၊ ၀၁ ၈၅၅၁၃၇၇ (လိုင်းခွဲ - ၁၄၁ ) တို့ကိုဆက်သွယ်စုံစမ်းမေးမြန်း နိုင်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD