AD
AD
AD
play

 

မြန်မာလူမျိုးတိုင်း နှစ်သက်ကြတဲ့ ဒေသအသီးသီးက ထွက်ရှိတဲ့ ရိုးရာမုန့်တွေကို စုံစံလင်လင်၊ ပျော်ပျော်ပါးပါး ရွေးချယ်စားသောက်နိုင်မယ့် မြန်မာ့ဒေသထွက်အစားအသောက်ပွဲတော်ကြီးကို Ocean Supercenter က ဇူလိုင်လ ၂၇ ရက်ကနေ ၃၁ ရက်နေ့အထိ ကျင်းပသွားဖို့ရှိနေပါတယ်။

ဒီဘက်ခေတ်မှာ ခေတ်မီတိုးတက်လာပြီး နိုင်ငံခြားစားသောက်ကုန်တွေ၊သရေစာမုန့်မျိုးစုံဟာ ဈေးကွက်ထဲအများအပြားဝင်ရောက်ရောင်းချလာပြီး စားသုံးသူများ၏ ၀ယ်ယူမှုနှုန်းလည်းတိုးမြှင့်လာပါတယ်။ ထို့ကြောင့် ပြည်တွင်းမှာရှိတဲ့ ဒေသအသီးသီးကထွက်ရှိတဲ့ ရိုးရာမုန့်တွေကို ၀ယ်ယူစားသုံးသူတွေနည်းပါးလာပြီး ယခုဆိုရင်မြန်မာ့ရိုးရာမုန့်ရောင်းချသူတွေလည်း လျော့နည်းလာပြီး တိမ်ကောပပျောက်လုနီးပါးဖြစ်လာပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံ ဒေသအသီးသီးက ထွက်ရှိတဲ့ ရိုးရာမုန့်တွေက မြန်မာလူမျိုးအများစုရဲ့ အကြိုက်နဲ့ကိုက်ညီတဲ့ စိတ်ကြိုက်အရသာ အဖြစ်ရှိနေကြတုန်းပါပဲ။

ဒါကြောင့် မြန်မာနိုင်ငံ ဒေသအသီးသီးက ထွက်ရှိတဲ့ ရိုးရာမုန့်တွေကိုပြန်လည်သတိရပြီး စားသုံးမှုမြင့်တက်လာစေဖို့အတွက်ရည်ရွယ်ကာ Ocean Supercenter က အခုလို အစားအသောက်ပွဲတော်ကြီးကို စီစဉ်ကျင်းပခြင်းပဲ ဖြစ်ပါတယ်။

Ocean Supercenter ရဲ့ မြန်မာ့ဒေသထွက် အစားအစာများ ဈေးရောင်းပွဲတော်မှာ နာမည်ကြီးမြန်မာရိုးရာမုန့်ထုတ်လုပ်ရောင်းချလျက်ရှိတဲ့ လုပ်ငန်းရှင်တွေအားလုံး စုံစုံလင်လင်ပါဝင်ရောင်းချသွားမှာဖြစ်လို့ ငယ်ငယ်က စားခဲ့ရတဲ့ မြန်မာ့ရိုးရာမုန့်တွေကို ကျန်းမာရေးနဲ့အညီ စိတ်တိုင်းကျရွေးချယ်ဝယ်ယူစားသောက်နိုင်မှာပါ။

မုန့်စိမ်းပေါင်း၊ မုန့်လက်ကောက်ကြော်၊ မုန့်ပျားသလက်၊ မုန့်လင်မယား၊ ၀က်ခေါက်ကြော်၊ ငါးထမင်းနယ်၊ ငါးဟင်းထုပ်၊ ရှမ်းတို့ဟူး၊ ဆားဘူးသီး၊ ဆိတ်သားထောင်းလက်ဖက်၊ ယိုအမျိုးမျိုး၊ မြိတ်အာပုံ၊ ရခိုင်မုန့်တီ၊ လဖက်အမျိုးမျိုး၊ တောင်ကြီးပဲကြော်၊ နှစ်ပြန်ကြော်၊ ထိုးမုန့်အမျိုးမျိုး၊ ကရေကယာ၊ ပုသိမ်ဟာလဝါ ၊ မလိုင်လုံး၊ မုန့်ဟင်းခါး စတဲ့ မြန်မာနိုင်ငံရဲ့ဒေသအသီးသီးက ရိုးရာအစားအသောက်တွေကို နာမည်ကျော် စားသောက်ကုန်လုပ်ငန်းရှင်တွေက Ocean Supercenter ရဲ့ ဒီအစားအသောက်ပွဲတော်ကြီးမှာ ပါဝင်ရောင်းချသွားကြမှာ။

ကဲ...ငယ်ဘဝအလွမ်းပြေ ကိုယ့်ရိုးရာမုန့်လေးတွေကို ပျော်ပျော်ပါးပါးစားသောက်နိုင်ဖို့ ဇူလိုင်လ ၂၇ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ Ocean Supercenter တွေမှာကျင်းပမယ့် မြန်မာ့ဒေသထွက်အစားအသောက်ပွဲတော်ကြီးကို ဆက်ဆက်သွားလိုက်ကြဦးနော်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick

AD