play

 

ဟောလီးဝုဒ်သရုပ်ဆောင် စကားလက်ဂျိုဟန်ဆင်နဲ့ ဆင်တူတဲ့စက်ရုပ်ကို ဖန်တီးနိုင်ခဲ့သူ ပညာရှင်တစ်ဦးက အထီးကျန်သူတွေအတွက် အဖော်လုပ်ပေးနိုင်မယ့် စက်ရုပ်တစ်ရုပ် ဘယ်လိုတည်ဆောက်ရမလဲ ဆိုတဲ့ စာအုပ်ကို ရေးသားထုတ်ဝေဖို့ စီစဉ်နေကြောင်း သိရပါတယ်။

play

 

ဟောင်ကောင်မှာ နေထိုင်တဲ့ ဒီဇိုင်းပညာရှင်  ရစ်ကီမာဝေဟာ စကားလက်ဂျိုဟန်ဆင် စက်ရုပ်ကို ဖန်တီးခဲ့လို့ နာမည်ကြီးခဲ့သူ ဖြစ်ပါတယ်။ အနာဂတ်မှာ တစ်ကိုယ်ရည်အမျိုးသားတွေအတွက် ဒီလိုအမျိုးသမီးစက်ရုပ်တွေ ပိုပြီးလိုအပ်လာလိမ့်မယ်လို့ သူက တွက်ဆထားပါတယ်။ အခု သူဖန်တီးထားတဲ့ စက်ရုပ်ကို Mark 2 လို့ အမည်ပေးထားပြီး အဲဒီစက်ရုပ်က လိင်မှုကိစ္စဖျော်ဖြေဖို့အတွက် တည်ဆောက်ထားတာ မဟုတ်သေးဘူးလို့ မာဝေကပြောပါတယ်။

play

 

သူက ဒီထက်ပိုပြီး စွမ်းဆောင်ရည်မြင့်တဲ့ နောက်ထပ်စက်ရုပ်ကို ဖန်တီးဦးမှာ ဖြစ်ပြီး တစ်ချိန်တည်းမှာပဲ လိင်မှုဖျော်ဖြေရေး စက်ရုပ် (Sex Robots) ပြုလုပ်နည်း စာအုပ်ကို ထုတ်ဝေသွားဖို့ စီစဉ်နေပါတယ်။

လာမယ့်အနာဂတ်မှာ လူသားတွေကို တုန့်ပြန်နိုင်စွမ်းရှိတဲ့ Sex Robots တွေက ကြီးမားတဲ့ ဈေးကွက်တစ်ခု ဖြစ်လာမယ်လို့ မာဝေက ယုံကြည်လျက်ရှိပါတယ်။ " စက်ရုပ်တွေနဲ့ လူသားတွေက ချစ်သွားကြမယ်လို့ ကျွန်တော်မပြောပါဘူး။ ဒါပေမဲ့ စက်ရုပ်တွှေရှိခြင်းက လူသားတွေကို စိတ်ပညာသဘောအရ အထောက်အကူ ပေးပါတယ်" လို့ မာဝေက ဆိုပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video