play

 

ခင်ပွန်းသည်နဲ့ အတူရှိနေတဲ့ ဝတ်လစ်စလစ်အမျိုးသမီးကို ဇနီးသည် အိမ်ထဲက မောင်းထုတ်အပြင်ကနေ မထင်မှတ်တဲ့အချိန်အိမ်ပြန်ရောက်လာတဲ့ အိမ်ထောင်ရှင်မတစ်ဦးဟာ ခင်ပွန်းဖြစ်သူနဲ့အတူ အိမ်ထဲမှာ အခြားအမျိုးသမီးတစ်ဦး ရှိနေတာကို တွေ့လိုက်ရပါတယ်။ ဘန်ကောက်မြို့က အိမ်ခန်းတစ်ခုမှာ ဒီဖြစ်ရပ်ဖြစ်ပွားခဲ့တာပါ။

play

 

အိမ်ပြန်ရောက်လာတဲ့ အိမ်ရှင်မဟာ သူ့ခင်ပွန်းဖြစ်သူနဲ့အတူ အတူရှိနေတဲ့ ဝတ်လစ်စလစ် အမျိုးသမီးရဲ့ ဖြစ်ရပ်ကို အသင့်ပါလာတဲ့ စမတ်ဖုန်းနဲ့ ရိုက်ကူးထားလိုက်တဲ့ ဗီဒီယိုဖိုင် ပျံ့နှံ့လာခဲ့ပါတယ်။ သူမ မထင်မှတ်ပဲ အိမ်ပြန်လာတဲ့အချိန် အိမ်ရှေ့မှာ ဖိနပ်နှစ်ရံတွေ့လိုက်ရာကစလို့ ခင်ပွန်းဖြစ်သူနဲ့ အခြားအမျိုးသမီးတစ်ဦးတို့ကို အိမ်ခန်းထဲမှာ တွေ့လိုက်ရတာ ဖြစ်ပါတယ်။

play

 

အဲဒီနောက် ခင်ပွန်းသည်နဲ့အတူရှိနေတဲ့ အမျိုးသမီးက အပြာရောင်စောင်ကိုယူပြီး သူမရဲ့တစ်ကိုယ်လုံးနီးပါး ဖုံးအုပ်ကာ ဗီဒီယိုဖိုင်ထဲမှာ မျက်နှာပါသွားမယ့်အရေးက ကာကွယ်ခဲ့ပါတယ်။ ဒါပေမယ့် ဇနီးသည်ဖြစ်သူက စောင်ကို ဆွဲခွါပြီးသူမကို အခန်းထောင့်တွန်းပို့ကာ အော်ဟစ်ကြိမ်းမောင်းခဲ့တာဖြစ်ပါတယ်။

အဝတ်မဲ့ အမျိုးသမီးဟာ ငိုယိုနေခဲ့ပြီး သူမရဲ့ မိဘတွေတောင် ဒီလိုမလုပ်တဲ့အတွက် သူမကို ဒီလိုမလုပ်ဖို့ တောင်းပန်နေခဲ့တဲ့ စကားတွေ ပြောကြားခဲ့ကြောင်း ဒေသခံ အွန်လိုင်းမီဒီယာအချို့က ရေးသားဖော်ပြကြပါတယ်။ အဲဒီအချိန်မှာ တီရှပ်အဖြူရောင်ဝတ်ထားတဲ့ ခင်ပွန်းသည်က ဝင်ရောက်ဖြန်ဖြေပြီး ကာကွယ်ပေးနေခဲ့တာကိုလည်း တွေ့ရပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video