play

 

အိန္ဒိယက နီရှာဆိုတဲ့ အသက် ၁၅ လအရွယ် ကလေးငယ်လေးရဲ့ ဝမ်းဗိုက်ဟာစူထွက်နေပြီး နာမကျန်းဖြစ်လို့ ဆေးရုံတင်လိုက်ရပါတယ်။ ဓာတ်မှန်ရိုက်ကြည့်တဲ့အခါ ကလေးရဲ့ဗိုက်ထဲမှာ အလုံးကြီးတစ်လုံးရှိနေတာကို မြင်လိုက်ရပါတယ်။

play

 

ဆရာဝန်တွေက နီရှာလေးရဲ့ဗိုက်ထဲကနေ အလေးချိန် ၇ ပေါင် ၁၁ အောင်စ ရှိတဲ့ အလုံးကြီးကို ခွဲစိတ်ဖယ်ရှားလိုက်ရပါတယ်။ ယင်းအလုံးကြီးထဲမှာ အသားတွေ၊ အရိုးတွေနဲ့ ဆံပင်တွေရှိနေတာကိုတွေ့ခဲ့ရပါတယ်။

play

 

တကယ်တော့ ဒီအသားလုံးကြီးဟာ နီရှာလေးရဲ့ အမြွှာပါ။ သန္ဓေသားလောင်းဟာ အမြွှာအဖြစ်နဲ့မွေးဖွားလာရမယ့်အစား နီရှာလေးရဲ့ဗိုက်ထဲမှာ ရှင်သန်ကြီးထွားလာခဲ့တာဖြစ်ပါတယ်။ ဆရာဝန်တွေကတော့ နီရှာလေးရဲ့ဗိုက်ထဲက သန္ဓေသားလောင်းကို အောင်အောင်မြင်မြင်ပဲ ခွဲထုတ်ဖယ်ရှားနိုင်ခဲ့လို့ ကလေးလည်း ကျန်းမာလာပါပြီ။ ဒီလိုဖြစ်ရပ်မျိုးဟာ တစ်ကမ္ဘာလုံးမှာမှ အကြိမ် ၂၀၀ လောက်သာ ကြားခဲ့ဖူးတဲ့ ရှားပါးဖြစ်ရပ်လည်း ဖြစ်ပါတယ်။

play

 

နီရှာရဲ့မိခင်ကလည်း ကိုယ်ဝန်လွယ်ထားရချိန်မှာ ကလေးအခြေအနေသိရအောင် နှုန်းလွန်အသံလှိုင်းနဲ့စစ်ဆေးတာ (အယ်လ်ထရာဆောင်းရိုက်ခြင်း) မလုပ်ခဲ့တာကြောင့်လည် နီရှာလေးက ဒီဒုက္ခကိုခံစားခဲ့ရတာပါ။ ခုတော့ သမီးလေးမှာ ဘဝအသစ်ရသွားသလိုပါပဲဆိုပြီး ဆေးရုံဝန်ထမ်းတွေကို ကျေးဇူးတင်စကားဆိုပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video