play

 

ထိုင်းနိုင်ငံက လူတစ်ဦးရဲ့ ထူးခြားတဲ့ ဗလပြပုံကို Daily Mail က ဖော်ပြပါတယ်။

play

 

အဆိုပါလူဟာ ကြွက်သားတွေညှစ်ပြနေတာမျိုး မဟုတ်ဘဲ ပုံမှာပြထားတဲ့အတိုင်း တန်းနှစ်ဖက်ကို လက်နဲ့ကိုင်ပြီး ခန္ဓာကိုယ်ကို လေထဲမှာဆန့်တန်းထားကာ အပေါ်ကနေ လူနှစ်ယောက်ကို တက်ရပ်ခိုင်းထားတာဖြစ်ပါတယ်။ ဒီလိုတက်ရပ်ခိုင်းထားပြီး ၁၀ စက္ကန့်လောက်ကြာအောင် သူက နေနိုင်တယ်လို့ သတင်းမှာ ရေးသားထားပါတယ်။

play

 

အဆိုပါလူရဲ့ နာမည်ကိုတော့ မသိရဘဲ ထိုင်းနိုင်ငံ ဆမွတ်ဆခွန်ပြည်နယ်က သူငယ်ချင်းတစ်ယောက်က ဗီဒီယိုရိုက်ပြီး အွန်လိုင်းပေါ်ဖြန့်ဝေခဲ့တာလို့ သိရပါတယ်။ သူ့ရဲ့ သန်မာမှုကို ပြသပုံက အများနဲ့မတူတာကြောင့် အထင်ကြီးစရာရှိလောက်တာတော့ အမှန်ပါပဲ။

Photos & Source: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video