AD
AD
AD
play


အာရပ်စော်ဘွားများပြည်ထောင်စုမှ ဖိလစ်ပိုင်နိုင်ငံသို့ ပျံသန်းတဲ့ ခရီးသည်တင်လေယာဉ်တစ်စီးပေါ်မှာ ကိုယ်ဝန်ဆောင်အမျိုးသမီး လမစေ့ဘဲ ကလေးမွေးဖွားခဲ့ပါတယ်။ လေယာဉ်စီးခရီးသည် ကိုယ်ဝန်ဆောင်အမျိုးသမီးက မွေးဖွားရက်ထက် နှစ်လအထိစောပြီး လေယာဉ်စီးနေစဉ် ကလေးမွေးခဲ့တာဖြစ်ပေမဲ့ မိခင်ရော ကလေးပါ ကျန်းကျန်းမာမာ ရှိခဲ့ပါတယ်။

play


တနင်္ဂနွေနေ့ (သြဂုတ် ၁၄ ရက်) က Cebu Pacific Air လေကြောင်းလိုင်းရဲ့ ဒူဘိုင်းမှ ဖိလစ်ပိုင်ကို ပျံသန်းတဲ့ လေယာဉ်ပေါ်မှာ သမီးလေးတစ်ဦး မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီး သမီးလေးမွေးဖွားပြီးတဲ့ ဓာတ်ပုံကို သူမနဲ့အတူ ခရီးသွားဖော် မစ်စီဘာဘာရာဘီ အူမန်ဒဲလ်က က ဖေ့စ်ဘွတ်မှာ ဓာတ်ပုံလွှင့်တင် ပြောကြားခဲ့ပါတယ်။

play


ကိုယ်ဝန်ဆောင်အမျိုးသမီး ဗိုက်နာလာချိန်မှာ လေယာဉ်အမှုထမ်းတွေက ခရီးသည်များအနက် ဆေးဘက်ဆိုင်ရာ ပညာရှင်များ ပါဝင်ပါက အကူအညီပေးရန် တောင်းခံခဲ့ရာ လေယာဉ်မှာလိုက်ပါလာတဲ့ သူနာပြုနှစ်ယောက် ကူညီပေးခဲ့ကြပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးအတွက် လေယာဉ်ရှေ့ပိုင်းကို သားဖွားခန်းအဖြစ် ပြောင်းလဲဖန်တီးခဲ့ကြပြီးနောက် သမီးမိန်းကလေးကို အောင်မြင်စွာ မွေးဖွားနိုင်တာ ဖြစ်ပါတယ်။

play


ကိုယ်ဝန်ဆောင်အမျိုးသမီး ကလေးမွေးဖွားပြီးနောက် ကလေးငယ်ကို လေယာဉ်ပေါ်မှာပဲ သန့်ရှင်းရေးပြုလုပ်ပေးပြီး မွေးကင်းစကလေးငယ်ပါတဲ့ ခရီးသည်တွေထံမှ အဝတ်အစားများ ဝတ်ဆင်ပေးခဲ့ပါတယ်။ ကလေးမွေးဖွားပြီးနောက် မနီလာမြို့သို့ ခရီးမဆက်မီ လေယာဉ်ကို အိန္ဒိယနိုင်ငံတောင်ပိုင်း ဟိုက်ဒရာဘတ်မြို့မှာ အရေးပေါ် ဆင်းသက်ခဲ့ပြီး ကလေးငယ်အတွက် ကျန်းမာရေးစစ်ဆေးမှု ခံယူခဲ့ကြောင်း သိပါတယ်။

Cebu Pacific Air လေယာဉ်ပေါ်မှာ ကလေးမွေးဖွားမှုဟာ ပထမဆုံးအကြိမ်ဖြစ်ကြောင်းနဲ့ မိခင်ရော ကလေးပါ ကျန်းကျန်းမာမာရှိတဲ့အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်ရကြောင်း လေကြောင်းလိုင်း အကြီးအကဲက ပြောကြားခဲ့ပါတယ်။
Source & Photo: AFP, Facebook/Missy Berberabe Umanda

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD