AD
AD
AD
play

 

အင်္ဂလန်နိုင်ငံ လိဒ်မြို့အတွင်းက ဂွီစလေမြို့နယ်လေးအတွင်းမှာ တိုက်ခိုက်သတ်ပုပ်ခဲ့ကြတဲ့ ကျောင်းသူနှစ်ဦးရဲ့က ဗီဒီယိုဖိုင်ဟာ လူမှုကွန်ယက်မှာ ပျံ့နှံ့လာခဲ့ပါတယ်။

play

 

ဗီဒီယိုဖိုင်ထဲမှာတော့ ကျောင်းသူတစ်ဦးကို အခြားရွယ်တူမိန်းကလေးနှစ်ဦးက ပြင်းပြင်းထန်ထန် ရန်ပြုနေခဲ့ကြတာဖြစ်ပါတယ်။ လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ Snapchat မှာ ဒီအကြောင်းအရာ ပျံ့လာခဲ့ပြီနောက် အတိုက်ခိုက်ခံရတဲ့ မိန်းကလေးငယ်ရဲ့ မိခင်ဖြစ်သူကတော့ လူသားမဆန်တဲ့အကြမ်းဖက်မှု ဖြစ်တယ်လို့ တံဆိပ်ကပ်စွပ်စွဲထားပါတယ်။ ဒါပေမယ့် ဗီဒီယိုဖိုင်ထဲမှာ ဝိုင်းပြီးတိုက်ခိုက်ခဲ့တဲ့ မိန်းကလေးနှစ်ဦးထဲက တစ်ဦးရဲ့မိခင်ဖြစ်သူကတော့ ရန်ပွဲဟာ သူ့ရဲ့သမီးဖြစ်သူ အရင်စခဲ့တာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဗီဒီယိုစပြီးမရိုက်ခင်မှာ သူ့ရဲ့သမီးဖြစ်သူက အရင်တိုက်ခိုက်ခံခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။ နှစ်ဖက်မိဘတွေကတော့ ဆယ်ကျော်သက်ကျောင်းသူတွေရဲ့ ရန်ပွဲကို မြင်တွေ့ပြီးနောက် အံ့သြတုန်လှုပ်နေကြပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD