AD
AD
AD
play

 

နှစ်သစ်အကြိုနေ့မှာ ရည်းစားနှစ်ယောက် စကားများကြရင်း အမျိုးသားက အမျိုးသမီးကို ရက်ရက်စက်စက်နှိပ်စက်ခဲ့တဲ့အတွက် အမျိုးသမီးမှာ ဆိုးဆိုးရွားရွား ဒဏ်ရာတွေ ရခဲ့တာ ဖြစ်ပါတယ်။

အဒမ်ကော့ပစ်ကာဟာ ကလိုဝီပါ့ခ်ဆိုတဲ့ မိန်းကလေးရဲ့ မျက်နှာကို ဖန်ခွက်တစ်ခွက်နဲ့ ရိုက်ကာ လည်ပင်းလည်းညှစ်သေးပြီး လက်ချောင်းတွေကိုလည်း ကိုက်ဆွဲခဲံပါတယ်။

play

 

ယင်းဖြစ်ရပ်က မန်ချက်စတာက ဘားတစ်ခုမှာ ဖြစ်ပွားခဲ့ပြီး ကလိုဝီပါ့ခ်ကို သတ်ပစ်မယ်လို့လည်း အဒမ်က ခြိမ်းခြောက်ခဲ့ပါသေးတယ်။

play

 

ဒဏ်ရာတွေကြောင့် အသက် ၁၈ နှစ်အရွယ် ကလိုဝီဟာ ဆေးရုံ လေးရက်တက်ခဲ့ရပြီး ၅၄ ချက် ချုပ်ခဲ့ရကာ အသက် ၂၈ နှစ်အရွယ် အဒမ်ကော့ပစ်ကာကတော့ ညှင်းပန်းနှိပ်စက်မှုနဲ့ ထောင် ကိုးနှစ်ခွဲ ကျခဲ့ပါတယ်။

play

 

အဒမ်ထောင်ကျသွားပြီးမှ ကလိုဝီက ယင်းဖြစ်ရပ်အကြောင်းကို ဖွင့်ပြောပြခဲ့တာ ဖြစ်ပါတယ်။

အိပ်မက်ဆိုးတွေ မက်ဆဲပဲလို့ ဆိုတဲ့ ကလိုဝီက "ယောက်ျားတစ်ယောက်က သင့်ကိုယ်ပေါ်ကို လက်တစ်ချောင်းတင်တာနဲ့ ထွက်ပြေးသင့်တယ်" လို့ မိန်းကလေးတွေကို အကြံပေးခဲ့ပါတယ်။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD