play

 

အသက် တစ်နှစ်အရွယ်လောက်သာ ရှိသေးတဲ့ ကလေးငယ်တစ်ဦးကို ဖခင်ဖြစ်သူက ဘီယာတိုက်နေတဲ့ ရုပ်သံဗီဒီယိုဖိုင်ဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။

play

 

ဖခင်ဖြစ်သူဟာ အနီးမှာ ထိုင်နေတဲ့ ကလေးငယ်ကို ထိုင်းနိုင်ငံထုတ် Chang အမှတ်တံဆိပ် ဘီယာပုလင်းကိုင်ပြီး တိုက်နေတာဖြစ်ပါတယ်။ ကလေးငယ်ကို ဘီယာအနည်းငယ် တိုက်ပြီးနောက် ဖခင်ဖြစ်သူက သူကိုယ်တိုင်လည်း ပုလင်းထဲက ဘီယာတစ်ကျိုက်ပြန်သောက်ခဲ့ပါတယ်။ အဲဒီအချိန်မှာ သူ့ရဲ့ကလေးငယ်က ဘီယာထပ်တိုက်ဖို့ လက်ဟန်ပြပြီး တောင်းဆိုနေခဲ့တာတွေ့ရပါတယ်။

ဖခင်က ကလေးငယ်ကို ရေဘူးပေးတဲ့အခါကလေးငယ်က ငြင်းဆန်ခဲ့ပြီး ဘီယာတိုက်မှသာ သောက်ခဲ့တာကိုလည်း တွေ့ရပါတယ်။ အဆိုပါသားအဖနှစ်ဦးရဲ့ ဗီဒီယိုဖိုင်ကို တရုတ်ပြည်ခြေစိုက် ဗီဒီယိုသတင်းဌာန တစ်ခုက ဖော်ပြခဲ့တာဖြစ်ပါတယ်။ လူမှုကွန်ရက်အသုံးပြုသူအများစုကတော့ အသက်တစ်နှစ်လောက်သာရှိသေးတဲ့ ကလေးငယ်ကိုဘီယာတိုက်ခဲ့တဲ့ ဖခင်ကို ဝေဖန်ခဲ့ကြပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video