AD
AD
AD
play

 

ဖရဲသီးပင်တွေဟာ တစ်ရာသီမှာ ၃ လုံး၊ ၄ လုံးလောက်ပဲ သီးကြပါတယ်။

play

 

ဒါပေမဲ့ တရုတ်နိုင်ငံက စိုက်ပျိုးရေး နည်းပညာကုမ္ပဏီတစ်ခုရဲ့ ဖရဲပင်တစ်ပင်ဟာ ၁၃၁ လုံးသီးပြီး ကမ္ဘာ့ဂင်းနစ်စံချိန်သစ်တင်ခဲ့တယ်လို့ သိရပါတယ်။

play

 

 Zhengzhou  မျိုးစေ့သုတေသန ကုမ္ပဏီက အဆိုပါအပင်ကို စိုက်ခဲ့တာဖြစ်ပြီး ရက်ပေါင်း ကိုးဆယ်အတွင်း ၁၃၁ လုံး သီးခဲ့ကာ ကမ္ဘာ့အဖြစ်ထွန်းဆုံး ဖရဲသီးစံချိန်ကို ရရှိခဲ့တာ ဖြစ်ပါတယ်။ သီးတဲ့ အသီးတွေအကုန်လုံးဟာ လွှင့်ပစ်ခဲ့ရတာမျိုးလည်း မရှိဘူးလို့ သိရပါတယ်။ အသီးတွေရဲ့ ပျှမ်းမျှအလေးချိန်ဟာ ၁၀ ကီလိုဂရမ်ရှိပြီး အနိမ်ဆုံးက ၅ ကီလိုဂရမ်ရှိကာ အကြီးဆုံးက ၁၉ ကီလိုဂရမ်ရှိတယ်လို့လည်း သိရပါတယ်။

Photos & Source:  Best China News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD