play

 

စပိန်နိုင်ငံ အပန်းဖြေကျွန်းတစ်ကျွန်းဖြစ်တဲ့ တီနီရိုက်ဖ်မှာ တက္ကစီယာဉ်မောင်းနှစ်ဦးဟာ ခရီးသည်လုရင်းနဲ့ စကားများရန်ဖြစ်ပြီး လမ်းမထက်မှာထိုးကြိတ်ခဲ့ကြကြောင်း သိရပါတယ်။

play

 

သူတို့နှစ်ဦးထိုးကြိတ်နေကြတာကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင် လူမှုကွန်ယက်မှာ ပျံ့နှံ့လာတာပါ။ အပန်းဖြေကျွန်းကနေ လေဆိပ်ကိုထွက်ခွာကြမယ့် ခရီးသည်အဖွဲ့တတစ်ဖွဲ့ဟာ အဆိုပါတက္ကစီသမား နှစ်ဦးထဲကတစ်ဦးကို စုံစမ်းမေးမြန်းခဲ့တာဖြစ်ပါတယ်။

play

 

အဲဒီနောက် တက္ကစီသမားနှစ်ဦးဟာ ဒီခရီးသည်တွေကို ဘယ်သူပို့ရမလဲ ဆိုတာနဲ့ ပတ်သတ်ပြီး စကားများရုံသာမက လမ်းမထက်မှာ လုံးထွေးသတ်ပုတ်ကြတဲ့အထိ ဖြစ်ခဲ့တာပါ။

play

 

အပန်းဖြေကျွန်းနဲ့ လေဆိပ်ဟာ ၅၄ မိုင်လောက်ကွာဝေးတာကြောင့် အနည်းဆုံး ယူရို ၉၀ လောက်ရရှိမယ့် ခရီးစဉ် ဖြစ်ပါတယ်။ နောက်မှာဘေးမှာ ရှိနေသူတွေက ရန်ပွဲကို ဝင်ရောက်ဖြန်ဖြေခဲ့ကြရပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video