play

 

Johnny Yuile ဆိုသူဟာ ယင်းရဲ့ အသက် ၈ နှစ်အရွယ် သမီးငယ်ကို သမင်တစ်ကောင်ကို ပစ်သတ်စေခဲ့ပြီး သမင်ရဲ့နှလုံးကို စားခိုင်းခဲ့ပါတယ်။ သွေးသံရဲရဲ သမင်နှလုံးကို ကိုက်နေတဲ့သမီးငယ်ရဲ့ပုံကို ဖေ့စ်ဘွတ်ပေါ် တင်ခဲ့တဲ့ ဂျွန်နီကို လူတွေကဝေဖန်နေကြပါတယ်။

" ကျွန်တော့်ရဲ့ပန်းရောင်မင်းသမီးလေး ကလိုဝီရဲ့ပထမဆုံးသမင်လေးကို ကြည့်လိုက်ဦး" ဆိုပြီး ပုံနဲ့တကွ တင်ခဲ့တာပါ။ သမင်ဖမ်းဖို့ နယူးဇီလန်တောထဲမှာလမ်းလျှောက်ခဲ့ကြပြီး တစ်ညတာစောင့်ဆိုင်းကာ မနက်စောစောထပြီး အမဲလိုက်ခဲ့ရတယ်လို့ ဂျွန်နီကပြောပါတယ်။ "သမီးလေးက ဒီလိုလုပ်ရတာသဘောကျတယ်၊ ပူနွေးပြီးတုန်ခါနေတဲ့နှလုံးကိုတောင် တစ်ကိုက်ကိုက်လိုက်သေးတယ်" ဆိုပြီး ယင်းရဲ့ဖေ့စ်ဘွတ်ပေါ်မှာ ရေးထားပါတယ်။

play

 

ကလေးကတော့ ဖခင်နဲ့အတူအမဲလိုက်ရတာ ပျော်တယ်လို့ပြောပါတယ်။ ဦးလေးက သမင်နှလုံးအစိမ်းကို ကိုက်နေတာမြင်တော့ သူမလည်းကိုက်ကြည့်သင့်ဆိုပြီး တစ်ကိုက်ကိုက်ခဲ့တယ်လို့ ၈ နှစ်သမီးလေးက သူမရဲ့အတွေ့အကြုံကို ပြောပြပါတယ်။ ဂျွန်နီကတော့ သမီးဖြစ်သူရဲ့လုပ်ရပ်ကို ဂုဏ်ယူစွာနဲ့ဖေ့စ်ဘွတ်ပေါ်ကိုတင်ထားပေမဲ့ လူတွေကတော့ ဂျွန်နီဟာ ဂေါက်ကြောင်တစ်ဦးသာဖြစ်တယ်လို့ မှတ်ချက်ပေးနေကြပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video