AD
AD
AD
play

 

လက်ထပ်ခွင့်တောင်းကြတဲ့ ကိစ္စဟာ အမျိုးသားတွေ လုပ်ရမယ့်အရာလို့ အများစုက သတ်မှတ်ထားကြပေမဲ့ တရုတ်နိုင်ငံက အမျိုးသမီးငယ်တစ်ဦးကတော့ ဒါကို သဘောမတူပါဘူး။ အမျိုးသမီးဘက်က စပြီးချစ်ခွင့်ပန်တာ၊ လက်ထပ်ခွင့် တောင်းတယ်ဆိုတာမျိုးဟာ ဒရာမာရုပ်ရှင်တွေထဲမှာပဲ ရှိတာမျိုးဖြစ်ပါတယ်။

play

 

တရုတ်နိုင်ငံ ချန်ဒူးဒေသက လူရှုပ်တဲ့ လမ်းမထက်မှာ အမျိုးသမီးငယ်တစ်ဦးက သူ့ချစ်သူကို လူအများရှေ့မှာ လက်ထပ်ခွင့်တောင်းလိုက်တာဖြစ်ပါတယ်။ အမျိုးသားတွေက လက်ထပ်ခွင့်တောင်းတဲ့ စိန်လပ်စွပ်နဲ့ တောင်းကြပေမဲ့ သူမကတော့ ချစ်သူလိုချင်နေတဲ့ ဟာလီဆိုင်ကယ်ကို ဝယ်ပေးပြီး လက်ထပ်ခွင့်တောင်းခဲ့တာဖြစ်ပါတယ်။ အားလုံးရဲ့ရှေ့မှာ ဒူးထောက်ပြီး သူမရဲ့ချစ်သူကောင်လေးကို လက်ထပ်ခွင့် တောင်းခဲ့တာပါ။

play

 

အပိုင်လုပ်ချလိုက်တဲ့ သူမရဲ့အစီအစဉ်ကြောင့် သူ့ရဲကောင်လေးဟာ မငြင်းနိုင်ဘဲ လက်ထပ်ခွင့်ကို လက်ခံလိုက်ရပါတယ်။ " ကျွန်မနောက်ဆုံးတော့ ရှင်လိုချင်နေတဲ့ ဟာလီဆိုင်ကယ်ဝယ်ဖို့ ပိုက်ဆံစုနိုင်ခဲ့ပြီ။ ကျွန်မကို လက်ထပ်မယ်မဟုတ်လား" လို့ ဒူးထောက်ပြီး လက်ထပ်ခွင့်တောင်းခဲ့တာဖြစ်ပါတယ်။

play

 

သူမဟာ အဆိုပါအမျိုးသားနဲ့ ချစ်ကြိုက်တာ သိပ်မကြိုက်သေးဘဲ မကြာသေးခင်ကမှ နိုင်ငံရပ်ခြားမှာ ပညာတော်သင်ပြီး ပြန်ရောက်လာတာဖြစ်ပါတယ်။ " လပ်ထပ်ခွင့်တောင်းတယ်ဆိုတာ အမျိုးသားတွေချည်းပဲ လုပ်ရတဲ့ ကိစ္စမှ မဟုတ်တာ။ ဘာလို့ မိန်းကလေးတွေက စောင့်နေကြတာလဲ" လို့ သူမက ပြောပါတယ်။

Source : Netease

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD