play

 

ဆင်းရဲနွမ်းပါးလှတဲ့ အမျိုးသားတစ်ဦးဟာ ဆေးရုံမှာ သေဆုံးသွားတဲ့ ဇနီးသည်ရဲ့ အလောင်းကို ပုခုံးပေါ်မှာထမ်းပြီး ၁၂ ကီလိုမီတာလောက် လမ်းလျှောက် ပြန်လာခဲ့ရတယ်လို့ သိရပါတယ်။

သူ့ရဲ့ဇနီးသည်ဟာ အင်္ဂါနေ့ညမှာ သေဆုံးသွားပြီးနောက် ဆေးရုံက အလောင်းပြန်သယ်ဖို့ ယာဉ်တစ်စီးမထောက်ပံ့ပေးနိုင်တဲ့အတွက် အလောင်းကို ရွာအထိ လမ်းလျှောက်ပြန်လာခဲ့ရတာဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ အမျိုးသားရဲ့ဖြစ်ရပ်အပေါ် များစွာ ဂရုဏာသက်သူတွေ ရှိနေကြပါတယ်။ ဆေးရုံက အလောင်းကို နေရာရွှေ့ဖို့ ပြောတဲ့အခါ သူကိုယ်တိုင်ပဲ ထမ်းပြီးအိမ်ပြန်လာခဲ့တာလို့ ဆိုပါတယ်။

play

 

အိန္ဒိယနိုင်ငံက အိုဒီရှားပြည်နယ်၊ ခါလာဟန်ဒီ ကျေးရွာကလေးမှာ နေထိုင်တဲ့ ဓနမာဂျီဆိုသူ အမျိုးသားထံမှာ ဒီဖြစ်ရပ် ကြုံတွေ့ခဲ့ရတာပါ။ ဆေးရုံက တာဝန်ရှိသူတွေအဆိုအရတော့ အဆိုပါအမျိုးသားဟာ ဆေးရုံဝန်ထမ်းတွေကို ဘာမှအသိမပေးဘဲ အလောင်းကို ပြန်သယ်သွားခဲ့တာလို့ သိရပါတယ်။

" ကျွန်တော့ဇနီးရဲ့ အလောင်းကို ပြန်သယ်ဖို့ ယာဉ်တစ်စီးလောက်ပေးဖို့ ဆေးရုံကို ကျွန်တော်အသနားခံခဲ့ပါသေးတယ်။ ဒါပေမဲ့ မရခဲ့ပါဘူး။ ကျွန်တော်က ဆင်းရဲနွမ်းပါးသူတစ်ဦးပါ။ ကားငှားဖို့လည်းမတတ်နိုင်ပါဘူး။ ဒါကြောင့် ရွေးစရာလည်း မရှိခဲ့ပါဘူး" လို့ အဆိုပါ အမျိုးသားက ပြောပါတယ်။ မာဂျီဟာ ၁၂ အရွယ် သမီးဖြစ်သူနဲ့အတူ အလောင်းထမ်းပြီး အိမ်ကိုလမ်းလျှောက်လာခဲ့တာဖြစ်ပါတယ်။

ဒီဖြစ်ရပ်ကို ဆေးရုံတာဝန်ရှိသူတွေ သိပြီးတဲ့နောက်ချက်ချင်းပဲ လူနာတင်ယာဉ်စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။

Source : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video