AD
AD
AD
play

 

အင်ဒိုနီးရှားက အသက် ၁၄၅ နှစ်အရွယ် အဘိုးအိုဟာ ကမ္ဘာ့အသက်အကြီးဆုံးအဖြစ် ကြေညာလိုက်ပါတယ်။

 အင်ဒိုနီးရှားအစိုးရက အသိအမှတ်ပြုထားတဲ့ စာရွက်စာတမ်းတွေအရ မာဂိုတိုလို့ ခေါ်တဲ့ အဆိုပါအဘိုးအိုဟာ ၁၈၇၀ ဒီဇင်ဘာ ၃၁ ရက်နေ့မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ မွေးချင်း ၁၀ ယောက်ရှိပြီး အသက်ရှည်ဆုံးသားဖြစ်ကာ ဇနီးလေးယောက် ရှိခဲ့တယ်လို့ သိရပါတယ်။ သူ့ကလေးတွေ အားလုံးဟာလည်း ကွယ်လွန်ကုန်ကြပြီး မြေး၊ မြစ်တွေက စောင့်ရှောက်ထားတာ ဖြစ်ပါတယ်။

play

 

ဂျာဗားကျွန်းအလယ်ပိုင်း Sragen ဒေသကဖြစ်ပြီး မကြာသေးခင်က ရုပ်သံတစ်ခုနဲ့ အင်တာဗျူးလုပ်ရာမှာ သူဖြစ်ချင်တာက သေချင်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ သူ့အဘိုးဟာ ၁၂၂ နှစ်ကတည်းက သေမယ်ဆိုပြီး အုတ်ဂူတောင်ပြင်ပြီးသားဖြစ်တယ်လို့ မြေးဖြစ်သူ ဆာရန်တိုကလည်း ပြောကြားထားပါတယ်။

ကမ္ဘာပေါ်မှာ တရားဝင် အသက်ရှည်ဆုံးအဖြစ် နေထိုင်ခဲ့သူဟာ ပြင်သစ်နိုင်ငံသူ ယန်ကဲလ်မန့် ဖြစ်ပြီး ၁၂၂ နှစ်ထိ နေထိုင်ခဲ့တာ ဖြစ်ပါတယ်။ မာဂိုတိုရဲ့ အထောက်အထားစာရွက်စာတမ်းတွေကိုသာ အဖွဲ့အစည်းတွေက ထပ်မံအတည်ပြုပြီးရင်တော့ အသက်ရှည်ဆုံးလူသားအဖြစ် သတ်မှတ်ပေးရမှာ ဖြစ်ပါတယ်။

Photos & Source: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD