AD
AD
AD
play


ခွေးတွေကို သခင်ဖြစ်သူက စေခိုင်းတဲ့အတိုင်း ပြုမူစေရန် လေ့ကျင့်သင်ကြားပေးနိုင်တယ် ဆိုပေမဲ့ Border Collie မျိုးနွယ် ခွေးမလေးကိုတော့ မီနိုင်မယ် မထင်ပါဘူး။ အသက် ၂ နှစ်သားအရွယ် ကာရှာလို့ အမည်ပေးထားတဲ့ ခွေးမလေးက အပြုအမူ ၁၈၀ ကို သင်ယူတတ်မြောက်ထားတယ်လို့ ဆိုပါတယ်။

ကာရှာက စကိတ်ဘုတ်စီးခြင်းနဲ့ ခြေထောက်နှစ်ချောင်းဖြင့် လူတွေကဲ့သို့ လမ်းလျှောက်ခြင်းတို့အပြင် ဖဲထုပ်အတွင်းမှ ဖဲချပ်တစ်ချပ်ကို ဆွဲထုတ်ရယူနိုင်ပါသေးတယ်။ ခွေးပိုင်ရှင် ကာလာခရက်နီက ၂၀၁၄ ခုနှစ်မှာ ခွေးပေါက်စအရွယ် ကာရှာကို ဝယ်ယူလာခဲ့ပြီးနောက် အပြုအမူမျိုးစုံ သင်ကြားပေးခဲ့ပါတယ်။

play


ကာရှာဟာ သခင်ဖြစ်သူ သင်ပေးသမျှကို အလျင်အမြန် တတ်မြောက်လွယ်ကြောင်း ခွေးပိုင်ရှင် ဆယ်ကျော်သက်မလေးက ပြောပါတယ်။

play


ကာရှာကို နှစ်ဘီးတပ် စကူတာစီးတတ်အောင် သင်ပေးခဲ့ရာမှာလည်း တတ်မြောက်လွယ်ခဲ့ပြီး အခုဆိုရင် အရှိန်လျှော့တာ အရှိန်မြှင့်တာတွေကိုပင် ကိုယ်တိုင် လုပ်ဆောင်တတ်နေပြီလို့ ဆိုပါတယ်။

play


စကူတာကို မည်သူ့အကူအညီမျှ မပါဘဲ ခွေးမလေး ကာရှာက မောင်းနှင်စီးနင်းနိုင်တာ တွေ့ရပါတယ်။ ကာရှာရဲ့သခင် အသက် ၁၆ နှစ်အရွယ် ကာလာက သူမရဲ့ ခွေးကို စကူတာ လှည့်ပတ်တဲ့ နည်းလမ်းကို သင်ပေးသွားမယ်လို့ ဆိုပါတယ်။

play


ကာရှာဟာ စောင်ကိုလည်း ကိုယ်တိုင်ခြုံတတ်ပြီး သေချင်ယောင်ဆောင်တာ၊ ရှက်တဲ့အမူအရာ လုပ်ပြတာနဲ့ နည်းမျိုးစုံအောင် လှည့်ပတ်ခုန်ပြတတ်ပါတယ်။ ဆယ်ကျော်သက်မလေး ကာလာက ကာရှာကို ခွေးပေါက်စအရွယ်မှာ အင်တာနက်မှတစ်ဆင့် တွေ့ရှိဝယ်ယူခဲ့တာ ဖြစ်ပါတယ်။
Source & Photo: Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD