Odd News: ကမ္ဘာ့ဈေးအကြီးဆုံး အာလူးကြော်၊ တစ်ချပ်ကို မြန်မာငွေ တစ်သောင်းကျော်

အထူးစီစဉ်ထားတဲ့ အာလူးကြော်ဘူးတစ်ဘူးထဲမှာ အာလူးကြော်ချပ် ၅ ချပ်ကို ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

play

 

ဆွီဒင်ကုမ္ပဏီ St. Eriks ဟာ ကမ္ဘာ့ဈေးအကြီးဆုံး အာလူးကြော်ကို တီထွင်လိုက်ပါတယ်။ မှို၊ ပင်လယ်ရေညှိနဲ့ စတဲ့ပစ္စည်းတွေပါ ထည့်သွင်းပြုလုပ်ထားတဲ့ အဆိုပါ အာလူးကြော်ဟာ အာလူးကြော်ပြားလေး တစ်ပြားတင် မြန်မာငွေ တစ်သောင်းကျော် ကျသင့်မှာ ဖြစ်ပါတယ်။

play

 

St. Eriks ကုမ္ပဏီဟာ ဆွီဒင်ရဲ့ ထိပ်တန်းဘီယာကုမ္ပဏီကြီးဖြစ်ပြီး သူတို့ရဲ့ အရည်အသွေးမြင့်ဘီယာတွေနဲ့ တွဲဖက်စားသုံးဖို့ အဆိုပါ အာလူးကြော်ကို တီထွင်တာ ဖြစ်ပါတယ်။ ပထမတန်းစားဘီယာဟာ ပထမတန်းစား စားသောက်စရာနဲ့သာ ထိုက်တန်ပြီး ဒီအချက်က အဆိုပါအာလူးကြော်ကို ထုတ်လုပ်ဖို့ ဖြစ်လာခဲ့တာလို့ ကုမ္ပဏီရဲ့ မန်နေဂျာ မားကပ်ဖရီရာရီက ပြောကြားခဲ့ပါတယ်။

play

 

အထူးစီစဉ်ထားတဲ့ အာလူးကြော်ဘူးတစ်ဘူးထဲမှာ အာလူးကြော်ချပ် ၅ ချပ်ကို ထည့်သွင်းထားမှာ ဖြစ်ပြီး စားဖိုမှူးတွေ ကိုယ်တိုင်က လက်နဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ အာလူးကြော်ဘူးတစ်ဘူးကို ၅၆ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။

Photos & Source:  AdWeek

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ