play


စည်းကမ်းမဲ့တဲ့ တည်းခိုသူတွေက ဟိုတယ်အခန်းမှ လမ်မးပေါ်ကို ကွန်ဒုံးများ အပါအဝင် ကြက်ဥနဲ့ ပုလင်းခွံများ ပစ်ချနေကြောင်း ပတ်ဝန်းကျင်က တိုင်ကြားမှုတွေကြောင့် ဂရိတ်မန်ချက်စတာရဲတပ်ဖွဲ့က အဆိုပါ ဟိုတယ်ကို သွားရောက်စစ်ဆေးခဲ့ရပါတယ်။

ဟိုတယ်ကိုသွားရောက် စစ်ဆေးခဲ့ရာမှာ ဟိုတယ်ဝန်ထမ်းတွေက အဆိုပါ စည်းကမ်းမဲ့တဲ့ တည်းခိုသူတွေကို နှင်ထုတ်လိုက်ပြီလို့ ရဲတပ်ဖွဲ့က အတည်ပြုပါတယ်။

play


မန်ချက်စတာမြို့လယ်ရှိ ဟိုတယ်တစ်ခုမှာ အဆိုပါဖြစ်ရပ် ဖြစ်ခဲ့ကြောင်း မန်ချက်စတာ ညနေခင်းသတင်းက ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ယခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဖမ်းဆီးမှုပြုလုပ်ခဲ့ခြင်း မရှိဘူးလို့ ဆိုပါတယ်။
Source & Photo: Manchester Evening

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video