Odd News: သရဲခြောက်ခံနေရတဲ့ အင်္ဂလန်က ဘီယာဆိုင်

ဒါကိုတားဆီးနိုင်မယ့် ပညာရှင်တွေကို ဆိုင်ပိုင်ရှင်တွေက ဆက်သွယ်နေရပါတယ်။

play

 

အင်္ဂလန်နိုင်ငံ ဘီယာဆိုင်တစ်ခုရဲ့ အနောက်ဘက်မှာ ဆိုင်သိမ်းချိန် သန့်ရှင်းရေးလုပ်နေတဲ့ ဆိုင်ရှင် အမျိုးသမီးတစ်ဦးဟာ သရဲခြောက်လှန့်ခြင်း ခံလိုက်ရပါတယ်။ သူမကို အကူညီပေးဖို့ ဝင်လာတဲ့ အမျိုးသားလည်း ခြောက်လှန့်ခံလိုက်ရတာကြောင့် အခန်းထဲက ပြန်ထွက်ပြေးသွားတာကို လုံခြုံရေးကင်မရာမှာ တွေ့ရှိခဲ့ရပါတယ်။

play

 

ဘီယာဆိုင် အနောက်ဘက် မီးဖိုချောင်ထဲမှာ အမျိုးသမီးတစ်ဦး ရှိနေခဲ့ပြီး ဘေးမှာ ထောင်ထားတဲ့ သတိပေးဘုတ်ပြားဟာ သူမတစ်ဖက်ကို ရောက်နေတဲ့အချိန် အလိုလို  ရွေ့လျားသွားခဲ့ပါတယ်။ နောက်တစ်ခေါက်မှာတော့ လဲကျသွားတဲ့အထိ ဖြစ်ခဲ့ပါတယ်။

play
ဆိုင်ပိုင်ရှင် စတီဗင်

 

ဒါကို သတိထားမိသွားတဲ့ အမျိုးသမီးက အထဲဝင်လာတဲ့ အမျိုးသားတစ်ဦးကို ဒီအဖြစ်အပျက် ပြောပြနေခဲ့ပုံ ရပါတယ်။  အမျိုးသမီးထွက်သွားပြီးနောက် အမျိုးသားတစ်ဦးတည်း အခန်းထဲ ကျန်ရှိခဲ့ပြီး လှည့်လည်စစ်ဆေးနေခဲ့တာပါ။ အဲဒီအချိန်မှာ ကြမ်းတိုက်တဲ့တုတ်တံက သူ့အလိုလို ပြုတ်ကျလာခဲ့တာ တွေ့ရပါတယ်။

အခုတော့ ဆိုင်ကိုပူးတွဲပိုင်ဆိုင်တဲ့ သူတို့နှစ်ဦးဟာ ဒီလိုမမြင်နိုင်တဲ့ ပြဿနာတွေကို ဖြေရှင်းဖို့အတွက်  ပညာရှင်အချို့ကို ဆက်သွယ်နေကြောင်း သိရပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ