Odd News: ရင်သား ကြီးမားနေသဖြင့် လက်မှတ်ဝယ်ပြီးမှ မိုးပျံရထား မစီးခဲ့ရသည့် အမျိုးသမီး

မိုးပျံရထားစီးဖို့ နာရီပေါင်းများစွာ တန်းစီစောင့်ဆိုင်းခဲ့ရတာပါ။

play

 

အင်္ဂလန်နိုင်ငံ ဆာရေးဒေသက  အမျိုးသမီးတစ်ဦးဟာ မိုးပျံရထားစီးဖို့ အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းခဲ့ရပြီးမှ သူမရဲ့ ရင်သားကြောင့် စီးနင်းခွင့် အပိတ်ခံလိုက်ရပါတယ်။

play

 

အကြောင်းကတော့ သူမဟာ ကြီးမားတဲ့ ရင်သားတွေကို ပိုင်ဆိုင်ထားလို့ ဖြစ်တယ်လို့ သိရပါတယ်။ မိုးပျံရထားမှာ တပ်ဆင်ထားတဲ့ လုံခြုံရေးခါးပတ်ထိုင်ခုံတွေက လုံခြုံရေးဘားတန်းဟာ သူမရဲ့ရင်သားနဲ့မဆန့်လို့ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒါကြောင့် မိသားစုစီးနင်းတဲ့ မိုးပျံရထားကိုပဲ ထိုင်ကြည့်နေခဲ့ရတယ်လို့ ဆိုလာတာပါ။

play

 

" လူတိုင်းရဲ့ ရင်သားက B cup လောက်ပဲ ဖြစ်မှာမဟုတ်ဘူးဆိုတာ သူတို့ သတိထားသင့်တယ်" လို့ အသက် ၂၂ နှစ်အရွယ် တန်ယာက ဆိုလာပါတယ်။ တကယ်တော့ သူမဟာ ဝဖြိုးနေတာမဟုတ်ဘဲ ရင်သားကြီးရုံသက်သက်ဖြစ်လို့ ဒီအဖြစ်ဟာ လက်မခံနိုင်စရာဖြစ်တယ်လို့ မိုးပျံရထား ကစားကွင်းက တာဝန်ရှိသူတွေကိုဝေဖန်ခဲ့ပါတယ်။ သူမဟာ နောက်တစ်ခါ မိုးပျံရထားနဲ့မတူတဲ့ သည်းထိတ်ရင်ဖို စီးနင်းစရာတစ်ခုအတွက် ကြိုးစားခဲ့တဲ့ အခါမှာလည်း ဒီလို ထိုင်ခုံခါးပတ် ပြဿနာ ကြုံရခဲ့ရတယ်လို့ သိရပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ