Odd News: မင်္ဂလာဦးည ထူးထူးခြားခြား ဂိမ်းကစားခဲ့ကြတဲ့ ကြင်စဦး ဇနီးမောင်နှံ

့ကလေးငယ်ရှေ့မှာ ကစားခဲ့တာကြောင့် ဝေဖန်ခံနေရပါတယ်။

play

 

ကြင်စဦး ဇနီးမောင်နှံနှစ်ဦးဟာ မင်္ဂလာဦးညမှာ ကစားခဲ့တဲ ထူးထူးခြားခြား ဂိမ်းကစားပုံကြောင့် လူမှုကွန်ရက်မှာ နာမည်ကျော်လာပါတယ်။ သူတို့ နှစ်ဦးရဲ့ ဂိမ်းကစားနည်းဟာ မိတ်ဆွေ၊ မိသားစုတွေ၊ကလေးငယ်တွေရှေ့မှာ ကစားခဲ့တာဖြစ်ပြီး ညစ်ညမ်းမှုအချို့ ပါဝင်တာကြောင့် ဝေဖန်ခံခဲ့ရပါတယ်။

play

 

အောက်ပိုင်းအဝတ်အစားတွေ ချွတ်ထားတဲ့ သတို့သားထံကို အမျိုးသမီးက ချဉ်းကပ်သွားပြီး အမျိုးသားရဲ့ ခါးအောက်ပိုင်းမှာ ထားရှိတဲ့ အရုပ်ကို ပါးစပ်နဲ့ ကိုက်ယူရတဲ့ ကစားနည်းဖြစ်ပါတယ်။ အနီရောင်ဝတ်ထားတဲ့ သတို့သမီးက ဗီဒီယိုဖိုင်ထဲမှာ ဒီလို ထူးထူးဆန်းဆန်း ကစားပုံကို နောက်တစ်ခါ ထပ်ကစားဖို့ ကြိုးပမ်းခဲ့ပါသေးတယ်။

ဗီဒီယိုဖိုင် မြင်ကွင်းအရ သူတို့ဒီလိုကစားနေတဲ့ အနီးမှာ ကလေးငယ်တစ်ဦးလည်း ရှိနေခဲ့တာကြောင့် ပိုပြီး ဝေဖန်ခံခဲ့ရတာဖြစ်ပါတယ်။ ဒီဗီဒီယိုဖိုင်ဟာ တရုတ်ပြည်တွင်း အဖြစ်အပျက်တွေ အသားပေးဖော်ပြတဲ့ Liveleak မှာစတင်ပေါက်ကြားလာတာ ဖြစ်ပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ