Odd News: ဖောက်ပြန်မိလို့ လမ်းမထက်မှာ သစ်သားပြားနဲ့ သေလုမြောပါး အရိုက်ခံရတဲ့ မိန်းကလေး

သူမရဲ့ ချစ်သူလို့ယူဆရတဲ့ အမျိုးသားနဲ့ သူငယ်ချင်းက ဝိုင်းဝန်းရိုက်နှက်ခဲ့တာဖြစ်ပါတယ်။

play

 

ဘရာဇီးနိုင်ငံ ဒီရိုဒီဂျနေးရိုးမြို့အနီးမှာ အမျိုးသားနှစ်ဦးက အမျိုးသမီးတစ်ကို ပြင်းပြင်းထန်ထန် ရိုက်နှက်ခဲ့တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ကယ်သူမရှိ ဖြစ်နေတဲ့ အမျိုးသမီးဟာ ကားလမ်းမထက်မှာ အရိုက်ခံခဲ့ရတာဖြစ်ပါတယ်။

play

 

လမ်းထက်မှာ လဲကျနေတဲ့ အမျိုးသမီးဟာ သူ့ရဲ့ရည်းစားအပေါ် ဖောက်ပြန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အရိုက်ခံနေခဲ့ရတာဖြစ်ပါတယ်။ သူမကို ရိုက်နှက်နေတာကို ဝင်ရောက် တားဆီးဖို့ ကြိုးစားတဲ့ သူငယ်ချင်း မိန်းကလေးပါ အဆိုပါ အမျိုးသားနှစ်ဦးရဲ့ ရိုက်နှက်မှုကို ခံခဲ့ရတာဖြစ်ပါတယ်။ အရိုက်ခံရတဲ့ မိန်းကလေးရဲ့ ချစ်သူလို့ ယူဆရတဲ့ အမျိုးသားက အဆိုပါမိန်းကလေးကို သစ်သားပြားနဲ့ ရိုက်နှက်နေခဲ့တာဖြစ်ပါတယ်။

ဝင်တားတဲ့ မိန်းကလေးလည်း သစ်သားပြားနဲ့ ရိုက်နှက်မှုကို ခံလိုက်ရပါတယ်။ ရီယိုဒီဂျနေယိုးမြို့နဲ့ မိုင်လေးဆယ်အကွာက နေရာတစ်ခုဖြစ်ပြီး အဲဒီနေရာမှာ တရားဥပဒေ စိုးမိုးမှု နည်းပါးတယ်လို့ ဆိုပါတယ်။ မျက်မြင်သက်သေတွေရဲ့ အဆိုအရ အဆိုပါမိန်းကလေးဟာ အရိုက်ခံရမှုကြောင့် အသက်ရှင်လား၊ သေဆုံးသွားသလားဆိုတာတောင် မသိရဘူးလို့ ပြောကြပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ