Odd News: မယုံနိုင်လောက်အောင် ဝိတ်ကျသွားပြီးနောက် ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းလိုက်ရတဲ့ အမျိုးသမီး

, updated

သူမရဲ့ခင်ပွန်းက သဝန်တိုမှုတွေနဲ့ စွပ်စွဲခဲ့တာလို့ ဆိုပါတယ်။

play

 

လက်စ်ဗီးဂတ်စ်မှာ နေထိုင်တဲ့ အိမ်ထောင်သည် အမျိုးသမီးတစ်ဦးဟာ ဓာတ်ပုံထဲမှာ ဝဖြိုးလွန်းတဲ့ သူ့ရဲ့ခန္ဓာကိုယ်ကို မြင်လိုက်ရပြီးနောက် ဝိတ်ချဖို့ သူမရဲ့ ရည်မှန်းချက်အတိုင်း လှပတဲ့ ခန္ဓာကိုယ်ကို ရသွာခဲ့ပေမဲ့ ခင်ပွန်းသည်နဲ့ အဆင်မပြေ ဖြစ်ခဲ့ရပြန်ပါတယ်။

play

 

သူမဟာ ကိုယ်အလေးချိန် ပေါင် ၂၁၀ နီးပါးကို လျော့ကျသွားအောင် စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ စုစုပေါင်း ကိုယ်အလေးချိန် ၂၆ စတုန်ရှိတဲ့ ခန္ဓာကိုယ်ကို ၁၅ စတုန်လောက်သာ ဖြစ်သွားအောင် လေ့ကျင့်ခန်းလုပ်ခဲ့တာဖြစ်ပါတယ်။ သူမဟာ လှပတဲ့ ခန္ဓာကိုယ် ပိုင်ဆိုင်သွားပြီးတဲ့နောက် ခင်ပွန်းဖြစ်သူဟာ သဝန်တိုမှုတွေ ဆက်တိုက်ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။

play

 

၂၀၁၅ ဇန်နဝါရီမှာ သူမက ခွဲစိပ်မှု ပြုလုပ်ကာ အူကိုချုံ့ပစ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၁၆ ဇန်နဝါရီလမှာတော့ သူမတို့ ဇနီးမေင်နှံနှစ်ဦး ကွာရှင်းတဲ့အထိ ပြဿနာဖြစ်ခဲ့ရပါတယ်။ သူမဟာ လှပလာပြီးနောက် ဖောက်ပြန်တယ်လို့ ခင်ပွန်းသည်ရဲ့ စွပ်စွဲမှု ခံခဲ့ရပြီးနောက် ဒီလိုဖြစ်ခဲ့ရတာပါ။

play

ှSource : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ