Odd News: ကိုယ့်ရဲ့နာမည်ကို ချစ်သူရဲ့နဖူးပေါ်မှာ တက်တူးထိုးပေးလိုက်တဲ့ အမျိုးသား

, updated

ထူးထူးခြားခြားပဲ အမျိုးသမီးကလည်း ဒါကို လက်ခံခဲ့ပါတယ်။

play

 

တက်တူးပညာရှင် အမျိုးသားတစ်ဦးဟာ သူရဲ့ ချစ်သူနဖူးပေါ်မှာ သူ့ရဲ့နာမည်ကို တက်တူးထိုးပေးလိုက်ကြောင်း သိရပါတယ်။ သူ့ချစ်သူကလည်း ဒီနာမည်ကို ဂုဏ်ယူစွာနဲ့ ထိုးခဲ့တယ်လို့သိရပါတယ်။

 

နာမည်အပြည့်အစုံ ရိုင်ယန်ဝစ်ဘာလေလို့ အမည်ရတဲ့ အဆိုပါအမျိုးသားဟာ သူ့ရချစ်သူ မျက်ခုံးနှစ်ဖက် ပေါ်မှာ Ryan ဆိုတဲ့ ရှေ့နာမည်ကို ညာဘက်အခြမ်းမှာ ထိုးပေးခဲ့တာဖြစ်ပါတယ်။ နောက်ဘယ်ဘက်အခြမ်းမှာ သူ့ရဲ့ လူသိများတဲ့နာမည် ဝစ်ဘိုကို ထိုးပေးခဲ့တာဖြစ်ပါတယ်။

play

 

အရင်ကတော့ သူရဲ့ချစ်သူဟောင်းတွေကို သူ့ရဲ့အမည်ထိုးပေးလေ့ရှိပေမဲ့ လက်မောင်း၊ လက်ဖျံ စတဲ့နေရာတွေမှာပဲ ထိုးပေးလေ့ရှိ တယ်လို့ ပြောပါတယ်။ အခုတော့ သူ့ရဲ့ချစ်သူကို ကော့တနေးကို ထူးထူးခြားခြား ဒီလိုထိုးပေးဖြစ်ခဲ့တာပါ။ တက်တူးပညာရှင် ရိုင်ယန်ဟာ အင်္ဂလန်နိုင်ငံ စတက်ဖို့ဒ်ရှိုင်းယားက ဖြစ်ပါတယ်။

Source : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ