Odd News: ညစ်ညမ်းဗီဒီယိုရိုက်ခဲ့မိတဲ့ အတိတ်က လုပ်ရပ်ကြောင့် ဆရာမအလုပ်ကို ဆုံးရှုံးခဲ့ရသူ

အတိတ်က အရိပ်မည်းဟာ ဆရာမအလုပ် အဆင်ပြေနေချိန်မှ ပေါ်လာခဲ့တာပါ။

play

 

ညစ်ညမ်းဗီဒီယိုထုတ်လုပ်ရေးတစ်ခုအတွက် porn star တစ်ယောက်အဖြစ်ပါဝင် အလုပ်လုပ်ပေးခဲ့တဲ့ ရုရှားကျောင်းဆရာမတစ်ဦးကို ကျောင်းက အလုပ်ထုတ်ပစ်လိုက်ရကြောင်း သိရပါတယ်။

play

 

တိုပူးလ်လို့ အမည်ရတဲ့ အဆိုပါကျောင်းဆရာမဟာ ညစ်ညမ်းဗီဒီယိုတစ်ခုထဲမှာ ကျောင်းသူလေးတစ်ဦးအဖြစ် သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ တစ်စုံတစ်ဦးက ဒီဗီဒီယိုဖိုင်ကို အင်တာနက်မှာ တွေ့ရှိခဲ့ပြီးနောက် ကျောင်းသားတွေထံကို ဒီဗီဒီယိုလင့်ခ် ပို့ပေးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကျောင်းတာဝန် ရှိသူတွေထံသာမက အဆိုပါကျောင်းဆရာမရဲ့ မိဘ၊ ဆွေမျိုးတွေထံကိုပါ ပို့ခဲ့သေးတယ်လို့ သိရပါတယ်။

play

 

ကျောင်းသားတွေနဲ့ ကျောင်းသားမိဘတွေအကြားမှာ သူမရဲ့ ညစ်ညမ်းဗီဒီယိုအကြောင်း ပျံ့နှံ့ခဲ့ပြီးနောက် ရက်ပိုင်းအတွင်းမှာပဲ သူမကို ကျောင်းဥက္ကဋ္ဌက ထွက်စာတင်ဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။ ဆရာမ တိုပူးလ်ဘက်ကတော့ သူမ ဘာအမှားမှ မလုပ်ကြောင်း ငြင်းဆိုခဲ့ပြီး ဒီဗီဒီယိုဖိုင်ဟာ ၂၀၁၁ လောက်တုန်းက ရိုက်ထားခဲ့တာဖြစ်တယ်လို့ ချေပခဲ့ပါတယ်။ သူမ ဆရာမဖြစ်မလာခင်က ရိုက်ထားခဲ့တာဖြစ်တာကြောင့် ဘာအပြစ်မှ မရှိဘူးလို့ ဆိုပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ