Odd News: အဆိပ်ပြင်းမြွေကို အမြီးကကိုင်ပြီးရိုက်သတ်ရဲတဲ့ သတ္တိခဲဘွားဘွား

တော်ရုံလူဆို မြွေကိုမြင်ရင် ထွက်ပြေးမှာပါပဲ။

play

 

အသက် ၇၀ အရွယ် အဘွားအိုတစ်ဦးရဲ့ သတ္တိကောင်းလွန်းပုံဟာ လေးစားအားကျစရာပါပဲ။ စိတ်မြန်တဲ့ဘွားဘွားက သူမရဲ့ဥယျာဉ်ထဲမှာ အဆိပ်ပြင်းမြွေတစ်ကောင် သွားနေတာကို မြင်ရပြီးနောက် မြွေကိုဖမ်းကာ ရိုက်သတ်လိုက်တာဖြစ်ပါတယ်။

play

 

ဆံပင်တွေ တစ်ခေါင်းလုံးဖွေးဖွေးလှုပ်အောင်ဖြူနေတဲ့ အမေရိကန်သူ အဘွားအိုဟာ မြွေရဲ့အမြီးကို ခပ်သွက်သွက်ပဲ ဖမ်းကိုင်လိုက်ပါတယ်။ မြွေက အတန်ငယ်ကြီးမားသလို ခန္ဓာကိုယ်ကို ကွေးပြီး အဘွားကိုရန်ပြုဖို့ကြိုးစားပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ နောက်ဆုံးမှာတော့ အဘွားရဲ့ သန်မာတဲ့လက်တွေက မြွေအမြီးကိုကိုင်ကာ ခေါင်းကို သစ်ပင်နဲ့ရိုက်ပြီး အဆိပ်ပြင်းသတ္တဝါကို ဇီဝိန်ခြွေလိုက်ပါတော့တယ်။

Source : Daily Star

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ