Odd News: ကလေးထိန်းအလုပ် ရနေတဲ့ ကမ္ဘာ့အကြီးဆုံးခွေးဘီလူကြီး

မိဘတွေကတော့ ကလေးငယ်နဲ့ ခွေးဘီလူးကြီးကို စိတ်ချလက်ချ လွှတ်ထားကြပါတယ်။

play

 

အမေရိကန်နိုင်ငံ ဟမ့်စ်ရှိုင်းယားပြည်နယ်မှာ နေထိုင်ကြတဲ့ ဇနီးမောင်နှံနှစ်ဦးဟာ သူတို့ရဲ့မွေးကင်းစသားငယ်လေးကို စောင့်ကြည့်ပေးဖို့အတွက် Hulk ဆိုတဲ့ ခွေးဘီလူကြီးကို တာဝန်ပေးထားကြပါတယ်။

play

 

ကမ္ဘာ့အကြီးမားဆုံး ခွေးဘီလူးကြီးတွေထဲက တစ်ကောင်းဖြစ်တဲ့ Hulk ဟာ သူရဲ့ ခန္ဓာကိုယ် လေးပုံတစ်ပုံလောက်သာရှိတဲ့ သားငယ်လေးကိုအမြဲစောင့်ရှောက်ပေးလေ့ရှိပါတယ်။ လသားအရွယ် သားငယ်လေး ဂျက်ဆင်ဘေးမှာ ခွေးဘီလူကြီးက အမြဲစောင့်ပေးနေလေ့ရှိပြီး လျှာနဲ့ပွတ်သပ်ပေးပါတယ်။ လူကြီးတစ်ယောက်ရဲ့ လက်မောင်းကို ပေါက်သွားအောင် အသာလေး ကိုက်နိုင်တဲ့အရွယ်အစားရှိတဲ့ ခွေးဘီလူကြီးထံမှာ သားငယ်လေးဂျက်ဆင်ကို မာလွန်နဲ့ လီဆာတို့ ဇနီးမောင်နှံက ယုံကြည်စွာ အပ်နှံထားကြပါတယ်။

play

 

သူတို့ရဲ့သားငယ်ဂျက်ဆင်ရဲ့ အစ်ကို ဂျော်ဒန်ဟာလည်း Hulk ရဲ့လက်ထဲမှာပဲ ကြီးပြင်းလာတာလို့ မာလွန်တို့ ဇနီးမောင်နှံက ပြောပါတယ်။ " ကျွန်မကတော့ စိတ်မပူပါဘူး။ သားလေးကို ကျွန်မ ထိန်းနေတဲ့အချိန်ဆို သူ(Hulk) ကကြည့်နေတတ်တယ်။ သားလေးငိုပြီးဆို သူပျာယာခတ်နေတော့တာပဲ။ တကယ်တော့ Hulk ဟာ တကယ်ကောင်းတဲ့ ကာကွယ်သူဖြစ်သလို ကလေးထိန်းပေးသူလည်း ဖြစ်ပါတယ်" လို့ ဇနီးသည် လီဆာက ပြောပါတယ်။

play

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ