play

 

ဂျပန်နိုင်ငံက ဆေးရုံတစ်ခုမှာ ထူးထူးခြားခြား ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ လူနာတစ်ဦးကို ခွဲစိတ်ပေးနေစဉ်မှာ လူနာကလေလည်ခဲ့တာကြောင့် မီးထလောင်လို့ အသည်းအသန်ငြှိမ်းသတ်လိုက်ရတဲ့ဖြစ်စဉ်က ရယ်ရခက် ငိုရခက်ပါပဲ။

တိုကျို ကုသရေးနဲ့သင်ကြားရေး ဆေးရုံမှာ အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးရဲ့ သားအိမ်ခေါင်းကို ခွဲစိတ်မှုလုပ်နေစဉ်အတွင်း ဖြစ်ပွားခဲ့တာပါ။ လူနာက ခွဲခန်းထဲမှာလေလည်မိရာက လေလည်လို့ ထွက်လာတဲ့ဂတ်စ်ဟာ ခွဲခန်းမှာအသုံးပြုနေတဲ့ လေဆာနဲ့ ထိမိပြီး မီးထလောင်ပါတော့တယ်။ လူနာရဲ့ခန္ဓာကိုယ်၊ ခါးနဲ့ ခြေထောက်တွေမှာလည်း မီးလောင်မှုပြင်းပြင်းထန်ထန် ရသွားခဲ့တယ်လို့ သိရပါတယ်။

play

 

ဒီဖြစ်ရပ်ဟာ ယခုနှစ် ဧပြီလက ဖြစ်ပွားခဲ့တာပါ။ ဒါပေမဲ့ အပြီးသတ် စုံစမ်းစစ်ဆေးမှု ပြီးမှသာ အသေးစိတ်အချက်အလက်တွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

Source : Snopes

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video