Odd News: ပင်လယ်ဖျံကြီးကို နမ်းနေပုံကို ဆယ်ဖီရိုက်ချင်တဲ့ မိန်းကလေး ဖျံအကိုက်ခံလိုက်ရ

, updated

သူမရဲ့ပေါင်ကို ကိုက်ထည့်လိုက်တာပါ။

play

 

အသက် ၂၀ အရွယ် လိအဂ္ဂါဆိုတဲ့ မိန်းကလေးဟာ ရေဥယျာဉ်တစ်ခုမှာ ပေါင် ၇၀၀ ရှိတဲ့ ပင်လယ်ဖျံကြီးတစ်ကောင်ကို နမ်းနေတဲ့ ဆယ်ဖီပုံ ရိုက်ချင်ခဲ့တာပါ။

play

 

ဒါပေမဲ့ သူမဓာတ်ပုံမရိုက်နိုင်ခင်မှာ သူမရဲ့ ဘယ်ဘက်ပေါင်ကို ဖျံက ကိုက်ချလိုက်ပါတယ်။

play

 

ပင်လယ်ဖျံကြီး ရော်ကီကို ထိန်းကျောင်းသူက လက်မှတ်ရောင်းရင်း အလုပ်များနေရာကနေ ပင်လယ်ဖျံကြီးကို လာရောက်မောင်းထုတ်ပေးခဲ့ပါတယ်။ မိန်းကလေးကိုတော့ ဆေးရုံကို အလျှင်အမြန်ပို့လိုက်ရပါတယ်။

play

 

လိနဲ့ သူမရဲ့ချစ်သူဟာ စပိန်နိုင်ငံ၊ Gran Canaria ကျွန်းပေါ်ရှိ Meleneros မြို့ကို သွားရောက်လည်ပတ်ရင်းနဲ့ Aqualand Maspalomas ရေဥယျာဉ်ကို ရောက်ရှိခဲ့ကြတာ ဖြစ်ပါတယ်။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ