Odd News: ခွေးကောင်ရေ သုံးရာကိုမွေးစားမှ သူလည်း လှောင်အိမ်ထဲက ထွက်မယ်ဆိုတဲ့ ဟာသပညာရှင်

သူ့လိုပဲ လှောင်အိမ်ထဲရောက်နေကြတဲ့ ခွေးပေါင်း ၃၀၀ ဟာ မွေးစားခံရဖို့ဖြစ်ပါတယ်။

play

 

ကမ္ဘာကျော် ဟာသပညာရှင် ရီမီဂေးလာ့ဒ်ဟာ ခွေးစောင့်ရှောက်ရေးဂေဟာတစ်ခုက လှောင်အိမ်တစ်ခုမှာ ဝင်ရောက်နေထိုင်မယ်လို့ သိရပါတယ်။ သူ့ရဲ့ ရည်ရွယ်ကတော့ သူ့လိုပဲ လှောင်အိမ်ထဲရောက်နေကြတဲ့ ခွေးပေါင်း ၃၀၀ ဟာ မွေးစားခံရဖို့ဖြစ်ပါတယ်။

ဒီ့အတွက် သူဟာ ဒေါ်လာ ၅၅၇၀၀ လောက်ကို မတည်ဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။ ဂေးလာ့ဒ်ဟာ ပျက်လုံးတွေ လုပ်ရာမှာ နာမည်ကြီးသူဖြစ်သလို ပိုင်ရှင်မဲ့ ခွေးတွေအရေးကို လူအများစိတ်ဝင်စားလာအောင် လုပ်ရာမှာလည်း လေးနက်ပါတယ်။

 နိုဝင်ဘာ ၁၁ ရက်နေ့ကစတင်ပြီး  SPA ခွေးစောင့်ရှောက်ရေးဂေဟာက လှောင်အိမ်တစ်ခုထဲမှာ ဝင်ရောက်နေထိုင်မှာ ဖြစ်တယ်လို့ သူက ကြေညာထားပါတယ်။ သူ့ရဲ့ကြေညာချက်ကို လူအချို့က ဟာသလုပ်နေတယ်လို့ ထင်ကြပေမဲ့ ခွေးစောင့်ရှောက်ရေးဂေဟာက ဂေးလာ့ဒ်လာရောက်နေထိုင်မယ့် အကြောင်းကို အတည်ပြုထားပြီး ခွေးပေါင်း ၃၀၀ စလုံးမွေးစားခံရတဲ့အထိ နေထိုင်မှာ ဖြစ်ပါတယ်။

Photos & Source: Europe1

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ