Odd News: ဇနီးသည်နဲ့ ဖောက်ပြန်နေတဲ့ သူငယ်ချင်းရဲ့ ငယ်ပါကို ဓားနဲ့ခုတ်ဖြတ်လိုက်တဲ့ ခင်ပွန်း

, updated

ဇနီးသည်နဲ့ သူ့ရဲ့သူငယ်ချင်းကို လက်ပူးလက်ကြပ် ဖမ်းမိခဲ့တာဖြစ်ပါတယ်။

play
သရုပ်ဖော်ပုံ

 

ရုရှားမှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးဟာ သူရဲ့ဇနီးသည်နဲ့ သူ့ရဲ့အခင်ဆုံးသူငယ်ချင်းတို့ ဖောက်ပြန်နေကြတာ သိလိုက်ရပြီးနောက် ဓားနဲ့ အချက်ပေါင်းများစွာ တိုက်ခိုက်သတ်ဖြတ်ခဲ့ကြောင်း သိရပါတယ်။

play
အခင်းဖြစ်ခဲ့ရာ နေအိမ်

 

ဆီဒိုရော့ဗ်လို့ အမည်ရတဲ့ အဆိုပါအမျိုးသားဟာ သူ့ရဲ့ဇနီးသည်နဲ့ ဖောက်ပြန်ခဲ့တဲ့ သူငယ်ချင်းဖြစ်သူကို ဓားနဲ့ ခုတ်ရုံသာမက ယောက်ျားငယ်ပါကိုလည်း ဓားနဲ့ ဖြတ်ခဲ့ကြောင်း သိရပါတယ်။ အဲဒီနောက် ဇနီးသည်ကိုပါ ဓားနဲ့ခုတ်ပြီး သတ်ပစ်လိုက်ကြောင်း ရုရှားရဲတပ်ဖွဲ့က ပြောပါတယ်။

ဖောက်ပြန်တဲ့ ဇနီးသည်နဲ့ သူမရဲ့တိတ်တဆိတ် ချစ်သူတို့ဟာ အဲဒီနေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ကြရပါတယ်။ အဆိုပါ အမျိုးသားကိုယ်တိုင် ဇနီးနဲ့ သူငယ်ချင်းကို သတ်ပစ်လိုက်ပြီးနောက် ရဲတပ်ဖွဲ့ကို အကြောင်းကြား အဖမ်းခံခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

play

 

ဇနီးသည်ဟာ သူမရဲ့ ကလေးမွေးထားတဲ့ သူငယ်ချင်းဖြစ်သူထံ သွားမယ်လို့ ပြောကာအိမ်ကထွက်သွားပြီး ခင်ပွန်းဖြစ်သူက ကလေးထိန်းကာ ကျန်နေရစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဆီဒိုရော့ဗ်က သူ့ရဲ့ဇနီးသည် ကလေးမွေးထားတဲ့ သူငယ်ချင်းဆီသွားတာ မဟုတ်ကြောင်း သိသွားခဲ့ပြီးတဲ့နောက် သူ့ရဲ့အခင်ဆုံးသူငယ်ချင်းအိမ်မှာ ရောက်နေခဲ့တာလို့ စုံစမ်းသိရှိခဲ့ပါတယ်။

အဲဒီအိမ်ကိုလိုက်သွားခဲ့ပြီးနောက် ပွတ်သပ်ချော့မြူနေကြတဲ့ ဇနီးသည်နဲ့ သူငယ်ချင်းကို တွေ့လိုက်ရတဲ့အတွက် ဓားနဲ့ခုတ်ခဲ့တာလို့ ရဲတွေထံမှာ ထွက်ဆိုထားပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ