Odd News: ကင်ဆာရောဂါသည် မိခင်ကို အသက်ကယ်ဖို့ ကိုယ့်ကိုယ်ကိုယ် ဒေါ်လာ ၅ သောင်းနဲ့ ရောင်းနေတဲ့ ဆယ်ကျော်သက်

သူမရဲ့ မိခင်က ခွဲစိတ်ကုသဖို့ ငွေလိုနေတာဖြစ်ပါတယ်။

play

 

ဆေးရုံတက်ပြီး ခွဲစိတ်ကုသမှု လုပ်ရမယ့် ရောဂါသည်မိခင်ရဲ့ ဆေးစရိတ်ကို ရှာဖွေဖို့အတွက် ဆယ်ကျော်သက် တစ်ဦးဟာ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး ရောင်းချလိုက်ကြောင်း သိရပါတယ်။

play

 

သူမကိုယ် သူမဈေးနှုန်းသတ်မှတ်ပြီး ရောင်းချလိုက်တဲ့အကြောင်းကို လူမှုကွန်ရက်မှာ တင်လိုက်တာဖြစ်ပါတယ်။ ချောင်မန်ကျွမ် လို့ အမည်ရတဲ့ အဆိုပါအမျိုးသမီးဟာ အသက် ၁၉ နှစ်သာ ရှိသေးပြီး သူမရဲ့ခန္ဓာကိုယ်အတွက် စတာလင်ပေါင် လေးသောင်းတစ်ထောင်ခန့် သတ်မှတ်ထားတာ ဖြစ်ပါတယ်။ သူမရဲ့ ဈေးနှုန်းကို ပေးမယ့်သူ တစ်ဦးထက် ပိုရှိလာခဲ့မယ်ဆိုရင် ပိုပေးနိုင်တဲ့သူကို ရောင်းချမှာ ဖြစ်တယ်လို့ ကြေညာထားပါတယ်။

play

 

ကံကောင်းတဲ့ သူမဟာ ဒီကြော်ငြာကို တင်ပြီး သိပ်မကြာခင်မှာပဲ သူဌေးတစ်ဦးက တွေ့ရှိသွားခဲ့ပြီး ဝယ်ယူဖို့ သဘောတူသွားခဲ့တယ်လို့ Daily Mail သတင်းဌာနက ဖော်ပြပါတယ်။ အတွင်းလူတစ်ဦးရဲ့ ပြောပြချက်အရ အဆိုပါသူဌေးဟာ သူမတောင်းဆိုတဲ့ ဈေးနှုန်းကို ပေးဖို့ သဘောတူပေမဲ့ သူမနဲ့ အတူအိပ်ဖို့အကြောင်းကိုတော့ ဘာမှမပြောခဲ့ဘူးလို့ သိရပါတယ်။

play

 

သူမရဲ့ အမေဟာ ကင်ဆာရောဂါဖြစ်ပွားနေခဲ့ပြီး အသက် ၄၅ နှစ်အရွယ်ရှိပြီဖြစ်ကာ ဘဝတစ်လျှောက်လုံးကို လယ်သူမ တစ်ဦးအဖြစ် ရပ်တည်ခဲ့တာဖြစ်ပါတယ်။ တရုတ်ပြည်က လူမှုကွန်ရက်ဖြစ်တဲ့ QQ မှာ " ကျွန်မကိုယ်ကျွန်မ ရောင်းချင်ပါတယ်" လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ