Odd News: အရက်သောက်ပြီး အိမ်ပြန်မလာတဲ့ ခင်ပွန်းကို ဓားဆွဲပြီး လိုက်ခေါ်ရတဲ့ ဇနီးသည်

, updated

ဇနီးသည်က အတော် ဒေါသထွက်နေခဲ့တာပါ။

play

 

တစ်ညလုံး အိမ်ပြန်မအိပ်ဘဲ လျှောက်သွားနေတယ်လို့ ယူဆရတဲ့ ခင်ပွန်းသည်ကို ဇနီးဖြစ်သူက လမ်းမထက်မှာ ဓားနဲ့ ခြိမ်းခြောက်ပြီး လိုက်ခေါ်ရတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

play

 

ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ မနက်စောစောစီးစီး ဖြစ်သွားခဲ့တဲ့ ဖြစ်ရပ်တစ်ခုပါ။ တစ်ညလုံး အိမ်ပြန်မလာတဲ့ ခင်ပွန်းဖြစ်သူ ဘယ်ရောက်နေတယ်ဆိုတာကို နောက်ဆုံးတော့ ဇနီးသည်ဖြစ်သူက သိသွားခဲ့ပုံရပါတယ်။ အဲဒါကြောင့် ကားနဲ့ လိုက်လာခဲ့ပြီး ခင်ပွန်းဖြစ်သူကို ပြန်ခေါ်ဖို့ ကြိုးပမ်းခဲ့တာပါ။ ဒါပေမဲ့ အိမ်ပြန်မလိုက်ချင်တဲ့ ခင်ပွန်းက ကားထဲ ချက်ခြင်းမဝင်ဘဲ လမ်းမထက်မှာ ရပ်နေခဲ့ပါတယ်။

play

 

ဒေါသထွက်သွားတဲ့ ဇနီးသည်ဟာ ကားထဲက ဓားကို သွားယူလာပြီး ခင်ပွန်းကို ဓားနဲ့ခုတ်ဖို့ ရွယ်ခဲ့ပါတယ်။ အိမ်ပြန်လိုက်ဖို့ ငြင်းဆန်နေတဲ့ခင်ပွန်းကို ဓားနဲ့မခုတ်ဖြစ်ခဲ့ပေမဲ့ ဓားအပြားနဲ့ ရိုက်ခဲ့တာကိုတော့ တွေ့ရပါတယ်။

နောက်ဆုံးမှာ ခင်ပွန်းသည်ဟာ ဇနီးရဲ့  ဓားကို ကြောက်ရတဲ့အတွက် ကားထဲဝင်သွားခဲ့ရတာ ဗီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ