Odd News: ရုပ်တူလွန်းတာကြောင့် ဂျက်မားက ငွေကြေးထောက်ပံ့ပေးရတဲ့ ကလေးငယ်

 ဂျက်မားဟာ အဆိုပါကလေးကို ဘွဲ့ရတဲ့ထိ ငွေကြေးထောက်ပံ့သွားမှာ ဖြစ်ပါတယ်။

play

 

Alibaba သူဌေးဂျက်မားဟာ သူနဲ့ တူလွန်းတဲ့ ၈ နှစ်အရွယ် ကလေးတစ်ဦးကို ထောက်ပံ့ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ဖန်ရှောင်ချင်လို့ အမည်ရတဲ့ အဆိုပါကလေးဟာ ဂျက်မားနဲ့ တူလွန်းတာကြောင့် ပြီးခဲ့တဲ့နှစ်ကတည်းက အွန်လိုင်းပေါ်မှာ နာမည်ကြီးနေတာဖြစ်ပါတယ်။ သူဟာ အလွန်ဆင်းရဲတဲ့မိသားစုကဖြစ်ကာ ဂျက်မားကို သိတောင် မသိဘူးလို့ ပြောထားပါတယ်။

play

 

ကျောင်ရှီပြည်နယ်မှာ နေထိုင်တဲ့ အဆိုပါကလေးရဲ့ မိဘနှစ်ပါးတွေမှာ အမေဖြစ်သူက ဖျားနာနေပြီး အဖေဖြစ်သူက ခြေတစ်ဖက်မရှိတဲ့ မသန်စွမ်းသူတစ်ဦးဖြစ်ပါတယ်။ ကလေးရဲ့ရုပ်ရည်နဲ့ပက်သက်လို့  ဂျက်မားကိုယ်တိုင်တောင် အံ့အားသင့်ခဲ့ရပြီး ပထမမြင်မြင်ချင်းမှာ သူငယ်ငယ်တုန်းက ပုံကို သူ့မိသားစုက အွန်လိုင်းပေါ်တင်ခဲ့တယ်လို့ ထင်တာ လို့ ဂျက်မားက ပြောထားပါတယ်။

 ဂျက်မားဟာ အဆိုပါကလေးကို ဘွဲ့ရတဲ့ထိ ငွေကြေးထောက်ပံ့သွားမှာ ဖြစ်ပါတယ်။

Photos & Source: Weibo, People's Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ