Odd News: ဒေါ်နယ်ထရမ့်ရဲ့ ဆံပင်နဲ့ တူတာကြောင့် အွန်လိုင်းမှာ နာမည်ကြီးနေတဲ့ ငှက်

သူ့ရဲ့ထူးခြားတဲ့ ဆံပင်မွှေးဟာ ဒေါ်နယ်ထရမ့်နဲ့အတော်တူပါတယ်။

play

 

ဒေါ်နယ်ထရမ့်ကို အကောင်ပေါင်းစုံနဲ့ နှိုင်းယှဉ်ခဲ့ကြပြီးဖြစ်ပေမဲ့ တရုတ်နိုင်ငံက ငှက်တစ်ကောင်ကတော့ အာလုံးထက်သာလွန်ပြီး နာမည်ကြီးနေပါတယ်။

play

 

သူ့ရဲ့ ထူးခြားတဲ့ ဆံပင်မွှေးဟာ ဒေါ်နယ်ထရမ့်နဲ့အတော်တူတာကို လူတစ်ယောက်က သတိထားမိသွားရာကနေ သူ့ပုံတွေဟာ အွန်လိုင်းမှာ ပြန့်နှံ့နေတာ ဖြစ်ပါတယ်။ "အနီလေး" လို့ ခေါ်တဲ့ အဆိုပါ ရစ်ငှက်ဟာ အသက် ၅ နှစ်အရွယ်ရှိပြီး ဟန်ကျိုးပြည်နယ်က ဥယျာဉ်ကြီးတစ်ခုမှာ နေထိုင်တာ ဖြစ်ပါတယ်။

play

 

သူ့ငှက်ရဲ့ ဆံပင်ဟာ ဒီလိုမျိုးတူနေတာကို သတိမထားမိခဲ့ဘဲ ထရမ့် အမေရိကန်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီးနောက်မှာ ပုံတွေကို မြင်ရာကနေ သူလည်း သတိထားမိတာဖြစ်တယ်လို့ အဆိုပါငှက်ကို ထိန်းသိမ်းစောင့်ရှောက်နေသူက ပြောပါတယ်။

Photos & Source; NetEase

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ