Odd News: တရုတ်အွန်လိုင်းမှာ ပေါ်ပြူလာဖြစ်နေတဲ့ ဒေါ်နယ်ထရန့်ရဲ့ မြေးအငယ်ဆုံး

အပေါ်ယံသက်သက်မဟုတ်ဘဲ နှလုံးသားထဲက တရုတ်ကို ချစ်သူဖြစ်တယ်။

play

 

တရုတ်နိုင်ငံ အွန်လိုင်းမှာ ဒေါ်နယ်ထရန့်ဟာ ပေါ်ပြူလာဖြစ်ရုံမကဘဲ ထရန့်ရဲ့ မြေးမလေး အရာဘယ်လာကတ်ရှနာရဲ့ ဗီဒီယိုကလည်း တရုတ်အွန်လိုင်းအသုံးပြုသူတွေကြား ပျံ့နှံ့နေပါတယ်။

အဆိုပါဗီဒီယိုဟာ သူမရဲ့အမေအိုင်ဗန်ကာထရန့်တင်ထားတဲ့ ဗီဒီယိုဖြစ်ပြီး အရာဘယ်လာဟာ တရုတ်ကဗျာကို ရွတ်နေတာဖြစ်ပါတယ်။ အင်စတာဂရမ်မှာ ဖေဖော်ဝါရီလကတည်းက တင်ထားတာဖြစ်ပြီး သူမရဲ့ မိသားစုအတွက် တရုတ်နှစ်သစ်ကူးမှာ တရုတ်လို သီချင်းတွေလည်း ဆိုပြခဲ့တာ ဖြစ်ပါတယ်။

သူမရဲ့ တရုတ်စကားစွမ်းရည်ဟာ တရုတ်အွန်လိုင်းအသုံးပြုသူတွေကို အထင်ကြီးစေခဲ့ပြီး ရွေးကောက်ပွဲကာလအတွင်း ထရန့်ရဲ့ တရုတ်နဲ့ ပတ်သက်တဲ့ ဆွဲဆောင်မှုတွေဟာ အပေါ်ယံသက်သက်မဟုတ်ဘဲ နှလုံးသားထဲက တရုတ်ကို ချစ်သူဖြစ်တယ်လို့ အွန်လိုင်းအသုံးပြုသူတစ်ဦးက မှတ်ချက်ပေးခဲ့ပါတယ်။

Photos & Source: Weibo

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ