Odd News: ဖောက်ပြန်တဲ့ ဇနီးသည်ကို ဒရုန်းဖြင့် ခြေရာခံနိုင်ခဲ့တဲ့ ခင်ပွန်း

ဒီဗီဒီယိုဖိုင်ကို လူမှုကွန်ရက်မှာ ပြန်လည်မျှဝေခဲ့တာပါ။

play

 

ဇနီးဖြစ်သူရဲ့ လှုပ်ရှားသွားလာမှုတွေကို ဒရုန်းနဲ့ ခြေရာခံခဲ့တဲ့ အမျိုးသားတစ်ဦးဟာ သူ့ရဲ့ဇနီးသည် တကယ်ပဲ အပြင်မှာ တကယ်ဖောက်ပြန်နေခဲ့ကြောင်း သိခဲ့ရပါတယ်။ ဒီဗီဒီယိုဖိုင်ကို အဆိုပါအမျိုးသားက လူမှုကွန်ရက်မှာ တင်ပြီးဝေမျှလိုက်ပါတယ်။

play

 

သူ့ရဲ့ဇနီးသည်ဟာ လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်ကစပြီး ခြေလှမ်းတွေပျက်လာခဲ့တာ သတိထားမိတယ်လို့ အဆိုပါခင်ပွန်းဖြစ်သူက ဗီဒီယိုဖိုင်ထဲမှာ ပြောကြားခဲ့ပါတယ်။ အသက် ၁၈ နှစ်အရွယ်သာရှိသေးတဲ့ ဇနီးသည်ရဲ့နောက်ကို နောက်ယောင်ခံလိုက်ခဲ့ပေမဲ့ သူလိုက်တဲ့ အခါတိုင်းမှာ ဇနီးသည်က ရုံးကိုသာသွားခဲ့တာ မြင်ခဲ့ရတယ်လို့ ခင်ပွန်းဖြစ်သူက ပြောပါတယ်။ " ကျွန်တော်ပဲ ကံမကောင်းတာလား။ သူပဲ ဟန်ဆောင်ကောင်းတာလား မသိတော့ပါဘူး" လို့ ခင်ပွန်းဖြစ်သူက ဆိုပါတယ်။

ဇနီးဖြစ်သူဟာ စတိုးဆိုင်တစ်ခုရဲ့ အနောက်မှာ ရပ်ထားတဲ့ ကားတစ်စီးဆီကို တိတ်တဆိတ်သွားရောက်ခဲ့တာကို မောင်းသူမဲ့လေယာဉ်ရဲ့ ကင်မရာမြင်ကွင်းကတစ်ဆင့် ခြေရာခံနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီဗီဒီယိုဖိုင်ကို Reddit လူမှုကွန်ရက်ပေါ်မှာ တင်ထားခဲ့တာဖြစ်ပြီး သုံးစွဲသူ အများအပြားက စိတ်ဝင်စားမှု မြင့်တက်ခဲ့ပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ