Odd News: ကားပေါ်မှာ ဆယ်ဖီရိုက်စဉ် ကလေးသရဲဓာတ်ပုံ တွေ့လို့ အထိတ်တလန့် ဖြစ်ခဲ့ရ

ကားအပေါ်မှာ သားအမိနှစ်ဦးကလွဲလို့ ဘယ်သူမှ ပါမလာခဲ့ပါဘူး။

play

 

မိခင်တစ်ဦးနဲ့ သမီးဖြစ်သူတို့ နှစ်ဦးတည်းကားမောင်းလာကြစဉ် သမီးငယ် ဟာပါရိုက်ကူးခဲ့တဲ့ ဆယ်ဖီဓာတ်ပုံထဲမှာ ကလေးသရဲပုံ ပါနေခဲ့ကြောင်း အထိတ်တလန့် တွေ့ရှိလိုက်ရပါတယ်။

အသက် ၄၈ နှစ်အရွယ်ရှိ မိခင်ဖြစ်သူ မယ်လီဆာကာ့ဇ်ရဲ့ ၁၃ နှစ်အရွယ် သမီးငယ်ဟာပါတို့ဟာ ဒီဖြစ်ရပ်ကို ကြုံတွေ့ခဲ့ပြီးနောက် တိုက်ဆိုင်စွာ နောက်ထပ်ဖြစ်ရပ်တစ်ခုကို သိလိုက်ရပြန်ပါတယ်။ သူတို့ ဓာတ်ပုံရိုက်နေတုန်း ကားမောင်းခဲ့တဲ့ လမ်းမမှာ လွန်ခဲ့တဲ့ တစ်နှစ်တိတိတုန်းက ကားမတော်တဆမှုဖြစ်ပြီး လူငယ်တစ်ဦး သေဆုံးသွားခဲ့ဖူးတယ်ဆိုတာကိုပါ သိလိုက်ရတာဖြစ်ပါတယ်။

play

 

သမီးငယ် ဟာပါ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံထဲမှာ သူမတို့ရဲ့ကားနောက်ခန်းမှာ လူငယ်တစ်ဦးလိုက်ပါလာတာကို ထင်ထင်ရှားရှား မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ အဲဒီနေ့က သူတို့ရဲ့ ကားထဲမှာ သားအမိနှစ်ဦးကလွဲလို့  ဘယ်သူမှ မပါခဲ့ဘူးလို့လည်း ပြောပါတယ်။

ဒီဓာတ်ပုံထဲမှာ ဒီလိုလူငယ်တစ်ဦးပုံ ပါလာခဲ့တဲ့အတွက် တုန်လှုပ်သွားပေမဲ့ ကြေက်တော့ မကြောက်မိဘူးလို့ မိခင် မယ်လီဆာက ပြောပါတယ်။ အချို့သော ဝိညာဉ်တွေဟာ မျှော်လင့်ချက်တစ်ခုအတွက် သေပြီးနောက်ဘဝမှာ အခုလို လူမြင်အောင်ပြသကြလေ့ရှိကြောင်းလည်း မယ်လီဆာက သူ့ရဲ့ယုံကြည်မှုကို ဆက်ပြောခဲ့ပါတယ်။

play

 

သဘာဝလွန်ဖြစ်ရပ်တွေကို လေ့လာသူ ပညာရှင်တွေကလည်း ဒီဓာတ်ပုံကို အမျိုးမျိုး မှတ်ချက်ပေးကြပြီး ပညာရှင်တစ်ယောက်ကတော့ ဒါဟာ သတိပေးချက်တစ်ခုခု ဖြစ်မယ်လို့ ယူဆရကြောင်း သူ့အမြင်ကို ပြောပါတယ်။ ဒီဓာတ်ပုံဟာ လွန်ခဲ့တဲ့ ဇူလိုင်လတုန်းက ဖလော်ရီဒါပြည်နယ်က မိတ်လန်းအဝေးပြေးလမ်းမှာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ