Odd News: ၁၀ ရက်အတွင်း ကိုယ်ဝန်နှစ်ကြိမ်ရတဲ့ အမျိုးသမီး

ကိတ်ဟေးလ်အမည်ရှိ အမျိုးသမီးဟာ သားအိမ်ရောဂါ အခြေအနေကြောင့် ကိုယ်ဝန်ဆောင်နိုင်ခြင်းမရှိ ဖြစ်နေခဲ့ပြီး ဟိုမုန်းကုထုံးဖြင့် ကုသမှုခံယူခဲ့ရပါတယ်။

play


ကိုယ်ဝန်ဆောင်နိုင်ဖွယ်မရှိခဲ့တဲ့ သြစတြေးလျေအမျိုးသမီးတစ်ဦးက ၁၀ ရက်သားခြားပြီး ကိုယ်ဝန်နှစ်ကြိမ်ရခဲ့ကာ အမြွှာကလေးနှစ်ဦး အောင်မြင်စွာ မွေးဖွားခဲ့တဲ့ဖြစ်ရပ် ထူးခြားစွာ ဖြစ်ခဲ့ပါတယ်။ ကိတ်ဟေးလ်အမည်ရှိ အမျိုးသမီးဟာ သားအိမ်ရောဂါ အခြေအနေကြောင့် ကိုယ်ဝန်ဆောင်နိုင်ခြင်းမရှိ ဖြစ်နေခဲ့ပြီး ဟိုမုန်းကုထုံးဖြင့် ကုသမှုခံယူခဲ့ရပါတယ်။

play


ထိုသို့ ကုသမှုခံယူပြီးနောက်မှာတော့ အဆိုပါ အမျိုးသမီးဟာ အမြွှာကလေးနှစ်ဦးကို မတူညီတဲ့ အချိန်နှစ်ခုမှာ ကိုယ်ဝန်ဆောင်နိုင်ခဲ့ကြောင်း သိရပါတယ်။ ကိတ်ဟေးလ်ကဲ့သို့ ပထမသန္ဓေသား လွယ်ထားချိန်မှာ နောက်ထပ် ကိုယ်ဝန်ထပ်ရတဲ့ အခြေအနေဟာ ရှားပါးလှပြီး ထိုသို့ကိုယ်ဝန်ရခြင်းကို 'ထူးကဲကိုယ်ဝန်ဆောင်မှု' အဖြစ် ညွှန်းဆိုကြပါတယ်။

play


ကိတ်ဟေးလ်နဲ့ခင်ပွန်းဖြစ်သူတို့ဟာ ပထမကိုယ်ဝန်ရပြီလို့ သိခဲ့ပြီးနောက်ပိုင်း တစ်ကြိမ်မျှသာ အကာအကွယ်မဲ့ လိင်ဆက်ဆံခဲ့တယ်လို့လည်း ဆိုပါတယ်။ ကိတ်ဟေးလ်က ရှားလော့တ်နဲ့ အိုလီဗီယာ အမည်ရှိ အမြွှာမိန်ကလေးနှစ်ဦးကို လွန်ခဲ့တဲ့ ၁၀ လက မွေးဖွားခဲ့ရာမှာ အဆိုပါ ကလေးနှစ်ဦးဟာ ခန္ဓာကိုယ်အရွယ်အစား၊ ကိုယ်အလေးချိန်နဲ့ ကိုယ်ဝန်ဆောင်ချိန် ဖွံ့ဖြိုးမှု မတူညီခဲ့ကြဘူးလို့ ဆိုပါတယ်။

play

 

သမီးနှစ်ဦး မွေးဖွာခြင်းမပြုမီအထိ သူမရဲ့အဖြစ်ဟာ ဘယ်လောက်ထူးခြားတယ်ဆိုတာ မသိနိုင်ခဲ့ကြောင်း ကိတ်ဟေးလ်က ဖွင့်ဟပြောပါတယ်။ ပုံမှန်အားဖြင့် အမျိုးသမီးတစ်ဦး ကိုယ်ဝန်ရသွားပြီးနောက် လစဉ် ဓမ္မတာလာမှု (သို့မဟုတ်) မမျိုးဥကြွေမှု ရပ်ဆိုင်းသွားပါတယ်။

play


ဒါပေမဲ့ ကိတ်ဟေးလ်ကဲ့သို့ 'ထူးကဲကိုယ်ဝန်ဆောင်မှု' မှာတော့ ပထမကိုယ်ဝန်ရသွားချိန်မှာလည်း အဆိုပါ အမျိုးသမီးဟာ ဓမ္မတာလာမှု ဆက်လက်ရှိနေပြီး ဒုတိယကိုယ်ဝန်ရနိုင်တာမျိုး ဖြစ်ပါတယ်။ 'ထူးကဲကိုယ်ဝန်ဆောင်မှု' ဟာ ၁၀ ဦးမှာ တစ်ဦးသာ ဖြစ်နိုင်ကြောင်းလည်း သိရပါတယ်။
Source & Photo: news.com.au, Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ