Odd News: မင်္ဂလာဦးနေ့မှာ မိတ်ဆွေတွေရှေ့ ချစ်တင်းနှောဖို့ ဖိအားပေးခံရတဲ့ ဇနီးမောင်နှံ

မိတ်ဆွေတွေရဲ့ ဖိအားပေးမှုကြောင့် လိုက်လျောခဲ့ရပေမဲ့ ဇနီးမောင်နှံနှစ်ဦးဟာ ရှက်ရွံ့နေခဲ့ကြပါတယ်။

play

 

တရုတ်နိုင်ငံမှာ မင်္ဂလာဆောင်ခဲ့ကြတဲ့ အသစ်စက်စက် ဇနီးမောင်နှံနှစ်ဦးဟာ မင်္ဂလာပွဲတက် ပရိသတ်တွေရှေ့မှာပဲ ချစ်တင်းနှောဖို့ အတင်းတောင်းဆိုခံလိုက်ရကြောင်း သိရပါတယ်။

မင်္ဂလာဇနီးမောင်နှံရဲ့ အိပ်ခန်းထဲအထိ ရောက်လာခဲ့ကြတဲ့ မိတ်ဆွေအချို့ကို သူတို့နှစ်ဦးကို အိပ်ရာထဲအတင်းဝင်စေပြီး သံဝါသ ပြုဖို့ တောင်းဆိုခံခဲ့ကြတာဖြစ်ပါတယ်။ ဇနီးမောင်နှံ နှစ်ဦးသား ကြားထဲက ကိစ္စကို အတင်းတောင်းဆိုခံခဲ့ရတဲ့ စုံတွဲဟာ သူတို့ရဲ့ မင်္ဂလာ အိပ်ရာထဲက စောင်အောက်ကို ဝင်ပြီး မိတ်ဆွေတွေအလိုကျ လုပ်ဆောင်ပေးခဲ့ရတာကို ရုပ်သံဗီဒီယိုထဲမှာတွေ့ရပါတယ်။

play

 

ရှန်ဇီးပြည်နယ် ကွီကျူးစီရင်စုမှာ မင်္ဂလာပွဲလုပ်ခဲ့တဲ့ ဒီဇနီးမောင်နှံရဲ့ မင်္ဂလာဦးနေ့ ဗီဒီယိုဖိုင်ဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့လာခဲ့တာဖြစ်ပါတယ်။ ရုပ်သံဗီဒီယိုဖိုင်ထဲမှာ ကြားရတဲ့ အသံတွေအရ မိတ်ဆွေတစ်ဦးက " နင်တို့ တစ်ယောက်ကိုတစ်ယောက် ဘာလို့မကိုင်ထားကြတာလဲ" လို့ မေးမြန်းဖိအားပေးနေခဲ့တာကိုလည်း ကြားခဲ့ရပါတယ်။

play

 

ရှက်ရွံ့နေခဲ့ကြတဲ့ သူတို့နှစ်ဦးရဲ့အဖြစ်ကို အခန်းထဲရောက်နေကြတဲ့ မိတ်ဆွေတွေက ရယ်မောနေခဲ့ကြတာလည်း တွေ့ရပါတယ်။ တရုတ်လူမှုကွန်ရက် Weibo အသုံးပြုသူတစ်ဦးကတော့ ဒါကြောင့် သူလက်မထပ်ချင်တာလို့ ဆိုခဲ့ပါတယ်။ နောက်တစ်ဦးကတော့ ဒီဗီဒီယိုကို ဆက်တောင် မကြည့်နိုင်တော့ဘူးလို့လို့ မှတ်ချက်ပေးခဲ့ပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ