Odd News: ပင့်ကူပေါင်း သန်းနဲ့ချီ ရွာကျခဲ့တဲ့ ပင့်ကူမိုး

အရွယ်စုံ အမျိုးအစား အစုံပါပဲ...

play

သြစတြေးလျနိုင်ငံ၊ နယူးဆောက်သ်ဝေးလ်ပြည်နယ်၊ ဂေါလ်ဘန်းမြို့မှာ ဖြစ်ပွားခဲ့တာပါ။ မိုးပေါ်က ကျလာတဲ့ သန်းနဲ့ချီတဲ့ပင့်ကူတွေကြောင့် မျက်စိတစ်ဆုံးဟာ ပင့်ကူမျှင်တွေနဲ့ ဖုံးလွှမ်းသွားခဲ့ရပါတယ်။

play

 

ပင့်ကူတွေဟာ အရွယ်အစားလည်း မတူကြသလို မျိုးစိတ်တွေကလည်း အမျိုးမျိုးအဖုံဖုံ ပါရှိနေပါတယ်။ မိုးပေါ်က ကျလာပြီး ပင့်ကူအိမ်တွေ ရက်လုပ်နေကြလို့ အတော်လေးရှင်းထုတ်လိုက်ရပါတယ်။ အိမ်တွေထဲကိုလည်း ဝင်ရောက်ပြီး နေရာအနှံ့ ပင့်ကူတွေ ဖုံးလွှမ်းခဲ့တယ်လို့ ဂေါလ်ဘန်းမြို့ခံတစ်ဦးက ဆိုပါတယ်။ ရာသီဥတုအခြေအနေတစ်ခုကြောင့် ယင်းပင့်ကူတွေဟာ တစ်နေရာတည်းကနေ စုစည်းလုံးထွေးကာ လေနဲ့တစ်ဆင့် အခြားနေရာကို ရောက်သွားခဲ့ရတာဖြစ်ကြောင်း သိပ္ပံပညာရှင်တွေက ပြောပါတယ်။

Source : Daily Star

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ