Odd News: တရုတ်မှာ ခေတ်စားနေတဲ့ ကြောက်စရာကားနောက်မှန် စတစ်ကာများ

နောက်ကားက ရှေ့မီးထိုးလိုက်တဲ့အချိန်မှ ကြောက်စရာကောင်းတဲ့ ပုံတွေကို ရုတ်တရက်မြင်လိုက်ရတာ ဖြစ်ပါတယ်။

play

 

နောက်ကားက ရှေ့မီးထိုးလိုက်တဲ့အခါ  ထိတ်လန့်သွားစေမယ့် ကားနောက်မှန်စတစ်ကာတွေကို တရုတ်နိုင်ငံက ကားသမားအချို့က ကပ်နေကြပြီး Taobao လို အွန်လိုင်းအရောင်းအဝယ် ဝက်ဘ်ဆိုက်တွေကလည်း တွင်တွင်ကျယ်ကျယ်နဲ့ ရောင်းပေးနေပါတယ်။

play

 

ဒီကြောက်စရာကောင်းတဲ့ ကားစတစ်ကာတွေဟာ အမှောင်ထဲမှာဆို မြင်ရရုံလေးဖြစ်ပေမဲ့ နောက်ကားက ရှေ့မီးထိုးလိုက်တဲ့အချိန်မှ ကြောက်စရာကောင်းတဲ့ ပုံတွေကို ရုတ်တရက်မြင်လိုက်ရတာ ဖြစ်ပါတယ်။

play

 

အဆိုပါ ကားစတစ်ကာတွေဟာ တရုတ်အွန်လိုင်းမှာလည်း ခေတ်စားနေပြီး အရွယ်အစားလိုက် တစ်ခုကို ၃ ဒေါ်လာကနေ ၁၈ ဒေါ်လာထိ ပေးရပါတယ်။

play

 

 South China Morning Post ရဲ့ ဖော်ပြချက်အရ အရှေ့ဘက် Shandong ပြည်နယ်က Jinan မြို့မှာ  ကြောက်စရာ စတစ်ကာတွေရဲ့အန္တရာယ်ကို သတိပေးထားပြီး မြို့တွင်း ဖြတ်မောင်းတယ်ဆိုရင် ၁၅ ဒေါ်လာ ဒဏ်ရိုက်မှာ ဖြစ်ပါတယ်။

play

 

ဘေဂျင်းလို မြို့ကြီးတွေမှာတော့ ခွင့်ပြုထားပေမဲ့ အန္တရာယ်တစ်စုံတစ်ရာဖြစ်လာရင် တာဝန်ခံရမယ်လို့ ရဲတွေက ပြောထားပါတယ်။

Photos & Source: Mashable

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ