Odd News: ဘုရားကျောင်းအတွင်းရှိ မယ်တော်မာရီရုပ်တုမှ သွေးမျက်ရည် ကျဆင်းလာဟု ဆို

ဘယ်နေရာမှာ ဖြစ်ပွားခဲ့တယ်ဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘူး။

play

 

ဘုရားကျောင်းအတွင်း ရှိတဲ့ မယ်တော်မာရီရုပ်တုကနေ သွေးမျက်ရည်တွေ စီးဆင်းလာတဲ့ သတင်းတစ်ခုကို Telemundo သတင်းဌာနက ဖော်ပြလိုက်ကြောင်း သိရပါတယ်။

မယ်တော်မာရီ ရုပ်တုပ်ဟာ မျက်လုံးထဲကတစ်ဆင့် သွေးမျက်ရည်တွေ ပါးပြင်ပေါ် စီးဆင်းကာ ခြောက်သွေ့နေခဲ့တာကို ဓာတ်ပုံတွေထဲမှာ တွေ့ရပါတယ်။ အဆိုပါဘုရားကျောင်းဟာ ဘယ်နေရာမှာ ဖြစ်ပွားခဲ့တယ်ဆိုတာကို အဆိုပါသတင်းအစီအစဉ်ထဲမှာ ထည့်သွင်းဖော်ပြထားခြင်း မရှိပါဘူး။ မယ်တော်မာရီ ရုပ်တုကနေ သွေးမျက်ရည်တွေစီးကျတဲ့ ဖြစ်ရပ်ကို အမျိုးသားတစ်ဦးက ရှင်းပြခဲ့ပေမဲ့ အဆိုပါ အမျိုးသားကိုလည်း အမည်ဖော်ပြထားခြင်းမရှိပါဘူး။

play

 

ရုပ်တုအတွင်းမှာ မြှုပ်နှံထည့်သွင်းထားတဲ့ ဖန်မျက်လုံးတွေရဲ့ အညိုရောင်မျက်ဆန် နေရာကနေ သွေးတွေစီးကျလာတာ ဖြစ်နိုင်ကြောင်း ဒီသတင်းကို ပြန်လည်ဖော်ပြတဲ့ သတင်းအချို့က သုံးသပ်ထားပါတယ်။ လူမှုကွန်ရက် သုံးစွဲသူအချို့ကတော့ အဆိုပါဖြစ်ရပ်ဟာ တောင်အမေရိက တစ်နေရာမှာ ဖြစ်ပွားခဲ့တာဖြစ်နိုင်ကြောင်း ခန့်မှန်းထားပါတယ်။

 ဒီဖြစ်ရပ်ဟာ အမှန်တကယ်ဖြစ်ပျက်ခဲ့တယ်ဆိုတာကို အတည်ပြုနိုင်တဲ့ အထောက်အထားတော့ သတင်းဌာနတွေက မဖော်ပြနိုင်သေးပါဘူး။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ