Odd News: ထိုင်းအလံအရောင်နဲ့တူတဲ့ အလှမွေးဖိုက်တာငါး စံချိန်တင်ဈေးကောင်းရ

ဖိုက်တာငါးဆိုတာ ဈေးနည်းနည်းနဲ့ဝယ်လို့ရတဲ့ ငါးအမျိုးအစားပါ။

play

အမြီးဖွားဖွားလေးနဲ့ အလှမွေးဖိုက်တာငါးတွေဟာ တန်ဖိုးအားဖြင့် မများလှပါဘူး။ ဒါပေမဲ့ ဖိုက်တာငါးတစ်ကောင်ကတော့ ထိုင်းအလံအရောင်တွေနဲ့ တပ်တူညီနေလို့ ဈေးကောင်းရသွားပါသတဲ့။

ထိုင်းအလံအရောင်တွေဖြစ်တဲ့ အပြာ၊ အနီ၊ အဖြူရောင်တို့ ရေပြင်ညီအတိုင်း ပေါင်းစပ်ထားတဲ့ စီယမ်မိစ်ဖိုက်တာငါးကို အွန်လိုင်းကနေ လေလံတင်ရောင်းချရာမှာ ဘတ် ၅၃၅၀၀ (မြန်မာငွေ ကျပ် ၁,၉၂၆,၀၀၀ ဝန်းကျင်)နဲ့ ရောင်းချခဲ့ရတယ်လို့ သိရပါတယ်။ ဒါဟာ အရင်တုန်းက ဈေးကောင်းရဖူးတဲ့ ဖိုက်တာငါးတွေရဲ့ စံချိန်ကို ကျော်ဖြတ်ခဲ့တာပါပဲ။

play

 

စတိုးဆိုင်ပိုင်ရှင် Kachen Worachai ဟာ ဒီငါးကို ဘတ်ထောင်ဂဏန်း (မြန်မာငွေသောင်းဂဏန်း)ဝန်းကျင်လောက်နဲ့ ရောင်းထွက်လိမ့်မယ်လို့ ခန့်မှန်းထားပေမယ့် မယုံနိုင်လောက်အောင်ပဲ ဈေးကောင်းရသွားခဲ့တာဖြစ်ပါတယ်။ ဖိုက်တာငါးတစ်ကောင်ရဲ့ တန်ဖိုးက ကျပ်ထောင်ဂဏန်းဝန်းကျင်သာ ပေးရလေ့ရှိပါတယ်။

Source : Guradian

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ