Odd News: ခွေးငယ်လေးကို လူတစ်ယောက်လို ပြုစုပေးနေတဲ့ ပိုလာဝက်ဝံကြီး

ခေါင်းလေးကို ညင်ညင်သာသာလေး ပွတ်ပေးနေပုံက ကြည်နူးစရာပါပဲ။

play

ကနေဒါနိုင်ငံက ပိုလာဝက်ဝံကြီးတစ်ကောင်ရဲ့ အပြုအမူတွေဟာ လူတွေရဲ့အသည်းအိမ်ကို ဖမ်းစားနေပြန်ပါတယ်။ သူက စွပ်ဖားဆွဲတဲ့ ခွေးလေးတစ်ကောင်ကို လူတစ်ယောက်ဂရုစိုက်သလိုမျိုး ပြုစုပေးနေတာဖြစ်ပါတယ်။

play

 

မနီတိုဘာနယ်သား ဒေးဗစ်ဒီမြူလက်စ်ဟာ ပိုလာဝက်ဝံကြီးရဲ့ ပြုမူပုံတွေကို အံ့အားသင့်စွာနဲ့ ဗီဒီယိုရိုက်ကူးထားဖြစ်ခဲ့တာပါ။ အလေးချိန် ပေါင် ၃၀၀-၃၉၀ လောက် ရှိမယ့် ပိုလာဝက်ဝံတစ်ကောင်ဟာ ခွေးငယ်လေးတစ်ကောင်ကို လွယ်လွယ်လေးသတ်ဖြတ်လိုက်နိုင်ပေမဲ့ ဒီဝက်ဝံကြီးကတော့ ခွေးကို ကလေးလို ကြင်နာယုယနေလိုက်ပုံက လူသားမိခင်တစ်ဦးအတိုင်းပါပဲ။

Source : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ