Odd News: ခြေချောင်းရော လက်ချောင်းတွေပါ ၁၂ ချောင်းစီရှိကြတဲ့ မိသားစု

အကောင်းဘက်ကကြည့်ရင်တော့ ကိန်းဂဏန်းရေတွက်တဲ့အခါ ပိုအသုံးတည့်တာပေါ့။

play

အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်ထဲက ဂါယာဆိုတဲ့ရွာလေးမှာ နေထိုင်တဲ့ မိသားစုတစ်စုကတော့ အတော်လေး ထူးခြားပါတယ်။ မိသားစုဝင်အများစုက လက်ချောင်း ၁၂ ချောင်းနဲ့ ခြေချောင်း ၁၂ ချောင်းစီ ရှိကြပါတယ်။

play

 

" ကျွန်မကတော့ အားလုံး ကောင်းချီးပေးခံရတယ်လို့ ခံစားရတာပါပဲ။ မိသားစုဝင်တွေအားလုံးက အတူတူဖြစ်နေကြတာဆိုတော့လေ။ ဘုရားဆီက သတင်းစကားတစ်ခုခု ဖြစ်ပါလိမ့်မယ် " လို့ ဆစ်ဘီယာချောင်ဟာရီက ပြောပါတယ်။ သူမတို့မိသားစုမှာ စုစုပေါင်း လူ ၂၅ ဦး ရှိပါတယ်။

play

 

သူတို့မိသားစုဝင်တွေအတွက် လက်ချောင်းခြေချောင်းတွေ အပိုပါနေတာက ဘယ်လိုမှမထူးပေမဲ့ မိသားစုဝင်မိန်းကလေးတွေရဲ့ အိမ်ထောင်ပြုဖို့ကတော့ ခက်ခဲနေပါတယ်။ ယောက်ျားလေးတွေက လက်ချောင်းခြေချောင်းများနေလို့ မကြိုက်ကြပါဘူး။ ဒီလိုဖြစ်စဉ်မျိုးကို Polydactyly လို့ ခေါ်ပြီး မျိုးရိုးလိုက်တတ်ပါတယ်။

Source : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ