Odd News: ယောက်ျားကကွာရှင်းမယ်ဆိုလို့ မိခင်က ကလေးနှစ်ယောက်ကိုသတ်ပြီး ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်

ကြောက်စရာကောင်းတဲ့လုပ်ရပ်ကို ကျူးလွန်ခဲ့တာပါ။

play

အင်္ဂလန်နိုင်ငံက အသက် ၃၀ အရွယ် ဘရန်ဒီဝေါ်လေဆိုသူဟာ သူမရဲ့ကလေးနှစ်ဦးကိုသတ်ပြီးနောက် ရဲကိုဖုန်းဆက်ကာ အပြစ်ဝန်ခံခဲ့ပါတယ်။ ရဲတွေရောက်လာချိန်မှာတော့ သူမရဲ့ ၇ နှစ်အရွယ်သားဖြစ်သူ တိုင်လာနဲ့ ၃ နှစ်သမီးလေးက ချာလီတို့က အိပ်ခန်းထဲမှာ သေဆုံးနေတာကို ကြေကွဲဖွယ်ရာ တွေ့မြင်ရပါတယ်။ ဘယ်လိုသေခဲ့သလဲဆိုတာကိုတော့ ရဲက မထုတ်ပြန်ပါဘူး။

play

အခင်းဖြစ်ပွားစဉ်က ကလေးတွေရဲ့ဖခင် ဂျေဆန်က အောက်ထပ်မှာအိပ်နေခဲ့တာပါ။ ကလေးတွေနဲ့အတူရှိနေတဲ့ ဘရန်ဒီက ရင်သွေးနှစ်ဦးကို သတ်ခဲ့သလို သူမရဲ့လည်ပင်းကိုလည်း ဓားနဲ့ထိုးပြီး သေကြောင်းကြံခဲ့ပါတယ်။ အသက်မသေသေးတဲ့ ဘရန်ဒီကို ရဲတွေက IU Health Methodist ဆေးရုံကို တင်ပို့ထားပါတယ်။ ဘရန်ဒီရဲ့ခင်ပွန်း ဂျေဆန်က ရုံးတော်မှာကွာရှင်းခွင့်လျှောက်ပြီးနောက်မှာ သူမဟာ ယခုလို ကြောက်စရာကောင်းတဲ့လုပ်ရပ်ကို ကျူးလွန်ခဲ့တာပါ။ ဒီအတွက် ရဲတွေက မကြာမီ ရုံးတင်စစ်ဆေးကြတော့မှာဖြစ်ပါတယ်။

Source : Metro

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ