Odd News: ပလတ်စတစ်တွေစားပြီး အသက်ရှင်နေထိုင်နေတဲ့ အမျိုးသမီးကို အိန္ဒိယမှာ ခွဲစိတ်

သူမရဲ့ အစာစားချင်စိတ်ဟာ ပျောက်နေပြီး ခြေတွေလက်တွေကလည်း ရောင်ရမ်းနေပါတယ်။

play

 

အစာအိမ်ပြဿနာရှိနေတဲ့ အမျိုးသမီးတစ်ဦးကို အိန္ဒိယက ဆရာဝန်တွေက ခွဲစိတ်ခဲ့ရာမှာ အဆိုပါ အမျိုးသမီးရဲ့ဗိုက်ဟာ ပလတ်စတစ်တွေနဲ့ ပိတ်နေခဲ့တာကို တွေခဲ့ရပါတယ်။

Sirmaur ခရိုင်က တာရာဒေဝီလို့ခေါ်တဲ့ အသက် ၅၂ နှစ်အရွယ် အမျိုးသမီးဟာ အစာရေစာ မရှိတာကြောင့် ပလတ်စတစ်တွေကို စားနေခဲ့တာဖြစ်ပြီး သူမဖျားနာနေတာကို ဒေသခံတစ်ဦးက သတိထားမိရာကနေ ဆေးရုံကို ပို့ခဲ့တာဖြစ်ပါတယ်။

ဆရာဝန်တွေက ဆံချည်မျှင်လုံးကြီးလို့ ထင်ခဲ့ပေမဲ့ ပလတ်စတစ်အိတ်တွေကို စားရာက ဖြစ်လာတဲ့ ပလတ်စတစ်အမျှင်တွေ ဖြစ်နေတာကို တွေ့ရှိခဲ့ပါတယ်။

 သူမဟာ ဆွံ့အနားမကြားဖြစ်တဲ့အပြင် တစ်ယောက်တည်းနေရသူဖြစ်ကာ ထောက်ပံ့မယ့်သူလည်း မရှိဘူးလို့ သူမကို ဆေးရုံလိုက်ပို့ခဲ့သူက ပြောထားပါတယ်။ ပလတ်စတစ်တွေကို အချိန်အတော်ကြာအောင် စားနေခဲ့ပုံရပြီး သူမရဲ့ အစာစားချင်စိတ်ဟာ ပျောက်နေပြီး ခြေတွေလက်တွေကလည်း ရောင်ရမ်းနေပါတယ်။

Photos & Source: Himachal Watcher,  The Tribune

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ